Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘန်ဂယ်တွင် ဟိုတယ် မီးလောင်၊ ၂ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘန်ဂယ်ပြည်နယ်ရှိ Goldern Park ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘန်ဂယ်ပြည်နယ်ရှိ ဟိုတယ် တစ်ခုအတွင်း ယနေ့ (မတ်လ ၃၀ ရက်) က မီး အကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အခြားလူ ၆ ဦးလည်း မီးလောင် ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဗြိတိန် ကော်မရှင်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ အနီး ဘန်ဂယ်ပြည်နယ် မြို့တော် ဟိုချိမင်း ဆာရာနီမြို့ရှိ Goldern Park ဟိုတယ်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မနက် စောစောမှာ Goldern Park ဟိုတယ်မှာ မီးလောင်ခဲ့တာပါ၊ ဟိုတယ်မှာ တည်းခိုနေသူ နှစ်ဦး သေဆုံးသွားခဲ့တယ်၊ အနီးဆုံး ကျန်းမာရေးဋ္ဌာနကို အမြန်ပို့ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်” ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ဟိုတယ် ဝန်ထမ်းများ အပါအဝင် လူပေါင်း နှစ်ဒါဇင်ကျော်ကို ကယ်ထုတ်ခဲ့ရကြောင်း၊ ယင်းအနက် ၆ ဦးမှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မီးသတ်သမားများက မီးထိန်းချုပ်ရန်အတွက် မီးခိုးထုများကြားမှ သုံးနာရီကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

မီးလောင်ကျွမ်းမှုမှာ မီးဖိုဆောင်မှ စတင်ခဲ့ပြီးနောက် မြေညီထပ်အပါအဝင် အခြားနေရာများသို့ မီးကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား သေချာအောင် စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.