Connect with us

Asia

တောင်ကိုရီးယား နှင့် အမေရိကန်တို့သည် ကိုရီးယား ကျွန်းဆွယ် ၌ ဒုံးကျည်ကာကွယ်ရေး စနစ် ဖြန့်ကျက်ရန် ဆွေးနွေးမည်

မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ ဂြိုလ်တု လွှတ်တင်မှု အား တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသနေပုံ (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ (ROK) ၏ ကာကွယ်ရေး ဝန်ကြီးဌာန က တောင်ကိုရီးယားနိုင်ငံ (ROK) နှင့် အမေရိကန်နိုင်ငံ တို့သည် THAAD အမည်ရှိ အဆင်ြ့မင့် အမေရိကန် ဒုံးကျည် ကာကွယ်ရေး စနစ်အား ကိုရီးယားကျွန်းဆွယ် ၌ ဖြန့်ကျက်ခြင်း နှင့် ပတ်သက်၍ တရားဝင်ဆွေးနွေးမှု ပြုလုပ်ရန် သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ကပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ (ROK) ၏ ဒုတိယ ကာကွယ်ရေးဝန်ကြီး Yoo Jeh-Seung က တောင်ကိုရီးယားနိုင်ငံ (ROK) နှင့် အမေရိကန်နိုင်ငံ တို့သည် မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ (DPRK) က စမ်းသပ် ဖောက်ခွဲခဲ့သည့် နျူကလီးယား ကိစ္စနှင့် တာဝေးဒုံးကျည် လွှတ်တင်မှုတို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အဆိုပါလုပ်ရပ်များသည် တောင်ကိုရီးယားနိုင်ငံ (ROK) နှင့် အာရှ-ပစိဖိတ် ဒေသ တစ်ခုလုံး၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်အေးချမ်းမှုကို ကြီးစွာ ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yoo က မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ခြိမ်းခြောက်မှုများအား ပြန်လည်တုံ့ပြန်ရန် အမေရိကန်နိုင်ငံနှင့် ဒုံးကျည် ကာကွယ်ရေး စနစ် ဖြန့်ကျက်ရန် တရားဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချိတ်ဆက်၍ ဒုံးကျည်ကာကွယ်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)