Connect with us

Asia

ထိုင်းနိုင်ငံ ဖူးခတ် ကမ်းခြေတွင် ရှပ်ပြေးယာဉ် အချင်းချင်း တိုက်မိ၍ ၂ ဦးသေ၊ ၂၆ ဦး ဒဏ်ရာ ရရှိ

ရှပ်ပြေးယာဉ် နှစ်စီး တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူများအား ကျန်းမာရေးဝန်ထမ်းများက ပြုစုနေစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်ကမ်းခြေ အလွန် ပင်လယ်ပြင်တွင် ဇွန်လ ၈ ရက်က ရေပေါ် ရှပ်ပြေးယာဉ် နှစ်စီး တိုက်မိခဲ့၍ ၂ ဦး သေဆုံးပြီး ကမ္ဘာလှည့် ခရီးသွား၂၆ ဦး ဒဏ်ရာ ရရှိကြောင်း Spring News က ဖော်ပြခဲ့သည်။

ရှပ်ပြေးယာဉ် တိုက်မိမှုသည် ဒေသစံတော်ချိန် နေ့လည် ၂ နာရီ တွင် ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားပုံမှာ ဖူးခတ်ကမ်းခြေမှ Mu Koh Phi Phi ကျွန်းများသို့ ဦးတည် သွားရောက်နေသည့် ရှပ်ပြေးယာဉ် နှစ်စီးသည် ရာသီဥတု ဆိုးရွားမှုကြောင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ လိုက်ပါလာသည့် ခရီးသည် အများစုသည် တရုတ်နှင့် ကိုရီးယား လူမျိုးများ ဖြစ်ကြောင်း သိရသည်။
ရဲဋ္ဌာန၏ ပြောကြားချက်အရ ခရီးသည် ၃၆ ဦး တင်ဆောင်လာသည့် Chollakij ရှပ်ပြေးယာဉ်နှင့် ခရီးသည် ၂၆ ဦး သယ်ဆောင်လာသည့် Hongfah 333 ရှပ်ပြေးယာဉ်တို့သည် ပင်လယ်ပြင်အောက် ရေငုပ်မှု ပြုလုပ်လေ့ရှိသည့် Moo Snakha ကျောက်ဆောင်များ ရှိရာတွင် လှိုင်းကြီးမှုကြောင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ နိုင်ငံခြားသား ခရီးသည် နှစ်ဦးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ အခြား ဒဏ်ရာရရှိသူ ၂၆ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ပြောသည်။
ဖူးခတ်သည် ထိုင်းနိုင်ငံ၏ တောင်ပိုင်း ပြည်နယ်များ ထဲအနက် တစ်ခု ဖြစ်ပြီး ၎င်းတွင် ကပ္ပလီပင်လယ်၏ ပုလဲရတနာ ဟုခေါ်သည့် နိုင်ငံ၏ အကြီးဆုံး ကျွန်းဖြစ်သော ဖူးခတ်ကျွန်း အပါအဝင် ၎င်းအနီးအနားရှိ အခြား သေးငယ်သည့် ကျွန်း ၃၂ ကျွန်း ပါဝင်ကြောင်း သိရသည်။ ဖူးခတ်သည် ကပ္ပလီပင်လယ် ရှိရာ ထိုင်းနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိကြောင်း သိရသည်။
ရှပ်ပြေးယာဉ် တိုက်မိရခြင်း အသေးစိတ် အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.