Connect with us

Asia

ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်တို့ ထားရစ်ခဲ့သော ဗုံးများသည် ယနေ့အချိန်ထိ ပြည်သူများအား အန္တရာယ်ပေးနေဆဲဖြစ်ကြောင်း မြောက်ကိုရီးယားပြောကြား

မြေအောက်မှ တူးဖော်ရရှိသည့် စစ်ကျန်ဗုံးတစ်လုံးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ချန်ရစ်ခဲ့သော မပေါက်ကွဲသေးသည့် ဗုံးများ၊ လမ်းမိုင်းများ နှင့် ဒုံးကျည်များသည် ယနေ့အချိန်အထိ မြောက်ကိုရီးယားနိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ က ဇွန် ၂၅ ရက်တွင်ပြောကြားခဲ့သည်။

မြောက်ကိုရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကိုရီးယား စစ်ပွဲအပြီး ၆၇နှစ်အကြာ ၂၀၀၀ခုနှစ်ကတည်းက အသက်ဝင်နေသည့် ဗုံးအလုံးရေ ၂၀၀,၀၀ဝ ကျော်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း Korean Central သတင်းဋ္ဌာန ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက စစ်ပွဲဖြစ်ပွားပြီး နှစ်ပေါင်း ၆၀ ပတ်ဝန်းကျင် အတွင်း မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်းမှ ဖောက်ခွဲရေးပစ္စည်းအပိုင်းအစပေါင်း ၈၀၀,၀၀၀ကျော်ကို ဖယ်ရှားခဲ့ပြီး ၂၁ရာစု တစ်ခုတည်းအတွင်း နိုင်ငံအနှံ့ရှိ ဖောက်ခွဲရေးပစ္စည်းပေါင်း ၂၀၀,၀၀၀ကျော်ကို ရှာဖွေဖော်ထုတ်ကာ ဖယ်ရှားခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေမြှုပ်မိုင်း ၅၈,၀၀၀ ထက်မနည်း ဖယ်ရှားနိုင်ခဲ့၍ စစ်တပ်နယ်နိမိတ်မျဉ်း သတ်မှတ်ထားသည့် South Hwanghae ပြည်နယ် တွင် မြေယာအသစ် ရာပေါင်းများစွာ ထွက်ပေါ်လာပြီး မြေနုကျွန်းပေါ် ၁၀၀၀ဟက်တာကျော် ပြန်လည်ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

North Phyongan ပြည်နယ် ရှိ မီးရထားလမ်းတစ်လျှောက်မြှုပ်ထားသည့် ဖောက်ခွဲရေး ပစ္စည်း ၂,၈၀၀ကျော် နှင့် South Phyongan ပြည်နယ် ရှိ ထောင်ပေါင်းများစွာသော ဖောက်ခွဲရေးပစ္စည်းများကို လည်း ဖယ်ရှားနိုင်ခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။မြို့တော် ပြုံယမ်းမြို့ ရှိ Taedong မြစ်၏ ၅မီတာအနက်တွင် အလေးချိန် ၁တန်ရှိသည့် ဗုံးတစ်လုံး ကိုတွေ့ရှိခဲ့ပြီး ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ဗုံး အလုံး ၇၀ နှင့် ဒုံးကျည် ၉၀၀ ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။ (Xinhua)