Connect with us

Asia

တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့်အတူ အနာဂတ်ဆက်ဆံရေး ပိုမိုအောင်မြင်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးအတွက် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်ပြော

မြောက်ကိုရီးယား နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် တည်ခင်းသော ကြိုဆိုဧည့်ခံပွဲတွင် မိန့်ခွန်းပြောနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြည့်စုံအောင်မြင်သော အနာဂတ် တစ်ခု ဖွင့်လှစ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာရေး တည်မြဲရေးအတွက် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

ကိုရီးယားအလုပ်သမားပါတီ (WPK) နှင့် မြောက်ကိုရီးယား နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် (Kim Jong Un) က ဇွန်လ ၂၀ ရက်က ပြုလုပ်သော ကြိုဆိုဧည့်ခံပွဲတွင် ရှီက အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကိစ္စအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမှုက ထင်ရှားသော လိုလားမှုနှင့် မြေကြီးလက်ခတ်မလွဲသော ဦးတည်ရာအဖြစ် သဘောတူကြကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးကို ကြီးမားစွာ အထောက်အကူဖြစ်စေဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်း ရှီက ပြောခဲ့သည်။

ထို့ပြင် WPK နှင့် မြောက်ကိုရီးယားပြည်သူတို့သည် လက်ရှိ ခေါင်းဆောင် ကင်၏ ဦးဆောင်မှုအောက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလေးထားမှုနှင့် ပြည်သူများအသက်မွေးဝမ်းကျောင်း တိုးတက်မှုတွင် မဟာဗျူဟာမြောက်လမ်းကြောင်းသစ်တစ်ခု အစပျိုးခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံအတွင်း ဆိုရှယ်လစ် တည်ဆောက်မှုအား မြင့်မားသောအဆင့်သစ်သို့ ဆောင်ကြဉ်းခဲ့ပြီဖြစ်ကြောင်း တရုတ်သမ္မတ ရှီက ပြောခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် တည်ခင်းသော ကြိုဆိုဧည့်ခံပွဲတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ဇနီး ဖုန်းလိယွမ်တို့ တက်ရောက်နေစဉ် (ဆင်ဟွာ)

မြောက်ကိုရီးယား၏ ဆိုရှယ်လစ်အကြောင်းတရားက ကင်၏ဦးဆောင်သည့် WPK ခေါင်းဆောင်မှုအောက်တွင် ကြီးမားသော အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြောက်ကိုရီးယားနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အောင်မြင်မှုရှိသောအနာဂတ်တစ်ခုဖွင့်လှစ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာရေးအတွက် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ရှီက ပြောခဲ့သည်။

ထို့နောက် မြောက်ကိုရီးယား ကင်ကလည်း သမ္မတ ရှီ၏ခရီးစဉ်က မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးတွင် သစ်လွင်ပြီး ခမ်းနားသော စာမျက်နှာတစ်ခုဖြစ်ကြောင်း၊ ၎င်းနှင့် ရှီတို့တွင် ခေတ်သစ် မြောက်ကိုရီးယား-တရုတ်ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာရန်နှင့် အရေးပါသော သဘောတူညီမှု ရရှိရန် နက်ရှိုင်းသည့် အမြင်များဖလှယ်မှုလည်းရှိကြောင်း ပြောကြားခဲ့သည်။

ဧည့်ခံပွဲပြီးနောက် ရှီနှင့်ဇနီး ဖုန်းလိယွမ်တို့သည် ကင်နှင့်ဇနီး ရီဆိုးလ်ဂျူတို့နှင့်အတူ မြောက်ကိုရီးယားနိုင်ငံမြို့တော်ရှိ May Day အားကစားရုံတွင် ကိုယ်ကာယအလှပြပွဲနှင့် အနုပညာတင်ဆက်မှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.