Connect with us

Asia

ထိုင်းဂျက်တိုက်လေယာဉ်မှူးတစ်ဦး၏ ဇနီးက ဘန်ကောက်မြို့ရှိ အထပ်မြင့်ဟိုတယ်တစ်ခုမှ ခုန်ချ၍ သေကြောင်းကြံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်၏ ယာဉ်အသွားအလာထူထပ်သည့် နေရာတစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသား ဂျက်တိုက်လေယာဉ်မှူးတစ်ဦး၏ ဇနီးဖြစ်သူသည် စက်တင်ဘာ ၁ရက်က ဘန်ကောက်မြို့ရှိ အထပ်မြင့်ဟိုတယ်တစ်ခုမှ ခုန်ချ၍ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အသက် ၄၆ နှစ်အရွယ်ရှိ Chandrawan Thammawichai ဟု အမည်ရသောအမျိုးသမီးသည် ထိုင်းလေတပ်မှ ဗိုလ်ကြီး Chakkrit Thammawichai ၏ ဇနီးဖြစ်ပြီး ၎င်းသည် ဘန်ကောက်မြို့လယ် Ratchadaphisek လမ်းမပေါ်ရှိ ဟိုတယ်တစ်ခု၏ ကိုးထပ်တွင် ရှိသော ကားပါကင်မှ ခုန်ချခဲ့ပြီးနောက် မြေပြင်၌ သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

၎င်းခုန်ချခဲ့သော နေရာဖြစ်သည့် ဟိုတယ်ကားပါကင် စြင်္က ံ၌ “နှုတ်ဆက်ပါတယ် ” farewell ဆိုသည့် လက်ရေးစာသားကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။တိုက်လေယာဉ်မှူး၏ ဇနီးဖြစ်သူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော လုပ်ရပ်အပေါ် ဖြစ်နိုင်ခြေရှိသည့် အကြောင်းတရားကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ၎င်းတိုက်လေယာဉ်မှူးသည် ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရက်ဌာနီ ပြည်နယ်အခြေစိုက် ထိုင်းလေတပ်စခန်းတစ်ခုမှ JAS 39 Gripen တိုက်လေယာဉ်မောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)