Connect with us

Asia

နိုက်ထရိုဂျင် အရည်ရောစပ်ထားသော ကော့တေး သောက်သုံးမိရာမှ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အစာအိမ် ပေါက်သွား

နိုက်ထရိုဂျင်အရည်များဖြင့် မီးခိုးငွေ့ပုံစံ ရရှိအောင် ပုံဖော်ထားသော ဘားတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အသက် ၃၀ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် အမျိုးသား တစ်ဦးမှာ အဖျော်ယမကာထဲတွင် နိုက်ထရိုဂျင် အရည် ရောစပ်သောက်သုံးပြီးနောက် အစာအိမ်ပေါက်ကာ ဆေးရုံရောက်သွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၃ ရက်က အမည်မဖော်လိုသူ အဆိုပါ အမျိုးသားမှာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအစွန်ဘက်ရှိ Gurgaon ရှိ ဘား တစ်ခုတွင် ကော့တေးအသစ် တစ်မျိုးမှာယူခဲ့ကြောင်း ထို ကော့တေး တစ်ခွက်အား တစ်ကျိုက်တည်း မော့သောက်ကာ နောက်တစ်ခွက် ထပ်မံ မှာယူခဲ့သည်ဟု ဆိုသည်။

“ကော့တေးကို သောက်ပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ရဲ့ အစာအိမ်ဟာ ဖောင်းလာပြီး မခံမရပ်နိုင်အောင် နာလာတယ်။ အသက်ရှုရလဲ ခက်ခဲလာတယ်” ဟု ယင်း အမျိုးသား၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာက သတင်းဖော်ပြထားသည်။

ထိုသို့ အသက်ရှုရ ခက်ခဲနေခြင်းအား ၎င်း၏ သူငယ်ချင်းမှ တွေ့ခဲ့ပြီးနောက် နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း၊ ဆရာဝန်များက စမ်းသပ်စစ်ဆေးပြီးနောက် ၎င်း၏ အစာအိမ်မှာ ပေါက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဂတ်များမှ အစာအိမ်အတွင်း၌ ပိတ်မိနေသေးသဖြင့် ၎င်း၏ အစာအိမ်မှ အစိတ်အပိုင်း တစ်ခုကို ဆရာဝန်များက ဖယ်ရှားခဲ့ရကြောင်း သိရသည်။

ယင်း အမျိုးသားအား ကုသပေးသည့် ခွဲစိတ်ဆရာဝန်များအနက် တစ်ဦးဖြစ်သူ Dr.Amit Goswami က လူနာ အသက်ရှင်ရန်အတွက် မလွယ်ကူကြောင်း၊ ယခု ဖြစ်ရပ်တွင် လူနာ၏ ဝမ်းဗိုက်က ပွင့်နေသည့် စာအုပ်တစ်အုပ်နှင့်ပင်တူနေကြောင်း၊ လူနာ အသက်ရှင်ဖို့ သူ့အနေဖြင့် မျှော်လင့်ချက် မရှိကြောင်း ပြောကြားခဲ့သည်။

နိုက်ထရိုဂျင်အရည်ဆိုသည်မှာ နိုက်ထရိုဂျင် ဂတ်စ်၏အရည်ပုံစံ ဖြစ်ကြောင်း၊ ရေဆူမှတ်အောက် အနုတ် ၁၉၅.၈ ဒီဂရီ စင်တီဂရိတ်ရှိပြီး ၎င်းနှင့် ထိတွေ့သည့် မည်သည့်အရာမဆို အံ့သြဖွယ် အေးခဲသွားသည့်အတွက် အစားကောင်းကြိုက်သူများ ချက်ပြုတ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုလေ့ရှိကြောင်း သိရသည်။

အိန္ဒိယရှိ အရက်ဆိုင်များတွင် ရောင်းချသည့် အဖျော်ယမကာများ၌ မီးခိုးငွေ့ပုံစံရရှိရန်အတွက် နိုက်ထရိုဂျင်အရည်များ စတင်သုံးစွဲလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.