Connect with us

Asia

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေး နှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့် နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ)

ဗီယက်နမ် နှင့် မြန်မာ နိုင်ငံ တို့သည် ရေတပ် ၊ စစ်ဆေးဘက်ဆိုင်ရာ ၊ စစ်လက်နက် ၊ သယ်ယူပို့ဆောင်ရေး ၊ ကယ်ဆယ်ရေး နှင့် ရှာဖွေရေး ၊ ဒေသတွင်း နှစ်နိုင်ငံနှင့်သက်ဆိုင်သော ရာဇဝတ်မှုတိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ဆောင်ရွက်သွားရန် မေ ၁၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်သည် ဗုဒ္ဓနေ့အခမ်းအနားတက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိနေစဉ် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် မေ ၁၁ ရက်တွင် တွေ့ဆုံခဲ့ပြီး အထက်ပါ သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ရာဇဝတ်မှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် နှစ်ဘက်အပြန်အလှန် အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။မေ ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Thi Kim Ngan သည် မြန်မာသမ္မတအား လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။အလည်အပတ်ခရီးစဉ်အတွင်း မြန်မာသမ္မတက ဗီယက်နမ်နိုင်ငံနှင့်အတူ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် မိတ်ဖက်အဖြစ် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.