Connect with us

Asia

ထိုင်းနိုင်ငံသား တစ်ဦးအား မူးယစ်ဆေးဝါးများ နှင့်အတူ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဖမ်းဆီး

ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့သည် ဖနွမ်းပင်မြို့ Sen Sok ဒေသတွင် ထိုင်းနိုင်ငံသား တစ်ဦးအား တရားမဝင် မှောင်ခိုကူးရန် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ၂၀ကီလိုဂရမ် နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

အမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ် ဗိုလ်ချုပ်ကြီး Mok Chito က အသက် ၅၂ နှစ်အရွယ် Chaiyapong Phisaiphan အမည်ရှိ ထိုင်းနိုင်ငံသား တစ်ဦးအား သြဂုတ် ၁ ရက် ညနေပိုင်းတွင် ဖနွမ်းပင်မြို့ ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မူးယစ်ဆေးဝါးစုစုပေါင်း ၂၀ ကီလိုဂရမ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းက သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် အိုက်စ် (Ice) မူးယစ်ဆေးဝါး ၉ကီလိုဂရမ်၊ ဘိန်းဖြူ ဝ.၆၆ ကီလိုဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား အပြား ၅၂,၀၀၀ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ယခု ဖမ်းဆီးရမိမှုသည် အမျိုးသား ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဋ္ဌာန မှ တိုက်ဖျက်နှိမ်နင်းခဲ့သည့် ကြီးမားသော မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သူများအတွက် သေဒဏ် ချမှတ်နိုင်သည့် ဥပဒေ ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါး ၈၀ဂရမ်နှင့် အထက် တရားမဝင်ရောင်းဝယ်သူသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံဖွယ်ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၁၆ခုနှစ် ပထမနှစ်ဝက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အနည်းငယ် တိုးတက်လာပြီး အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အာဏာပိုင် အဖွဲ့၏ ပြောကြားချက်အရ ၂၀၁၆ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအတွင်း ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း ၂,၁၅၈ခု အတွင်း တရားခံပေါင်း ၅,၂၆၆ဦး ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.