Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ အနည်းဆုံး ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိ

ထိုင်း နိုင်ငံ ဘန်ကောက် မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထိုင်း နိုင်ငံ၏ မြို့တော် ဖြစ်သည့် ဘန်ကောက် မြို့တွင် သြဂုတ်လ ၁၇ ရက်နေ့ က ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက်မြို့ စီးပွားရေး စင်တာ အနီးရှိ လမ်းဆုံ တစ်ခုတွင် ဒေသ စံတော်ချိန် ည ရး၀၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

လက်ရှိချိန်တွင် ရဲဝန်ထမ်း များမှ လမ်းအား ပိတ်ဆို့ တားဆီးထားပြီး ဗုံးပေါက်ကွဲခဲ့သည့် နေရာသည် ခရီးသွား ဧည့်သည် များ စည်ကားသည့် နေရာ ဖြစ်ကြောင်း လည်း သိရှိရသည်။

ကနဦး သတင်းများအရ ဗုံးပေါက်ကွဲမှုသည် ကားဗုံးပေါက်ကွဲမှု ဖြစ်နိုင်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းမှု များ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117