Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ သင်္ဘောဆိပ် တစ်ခုတွင် ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွား

Sathon သင်္ဘောဆိပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား CCTV မှ မြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့အနီးရှိ Sathon သင်္ဘောဆိပ်တွင် သြဂုတ်လ ၁၈ ရက် နေ့၌ ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး လက်ရှိ အချိန်တွင် ထိခိုက် ဒဏ်ရာ ရသူ စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၂၀ မိနစ် ခန့်တွင် လက်ပစ်ဗုံး ဟု ယူဆ ရသော ပစ္စည်း အား Sathon တံတား ပေါ် မှ Sathon သင်္ဘောဆိပ် သို့ ပစ်ပေါက် ခဲ့ရာ ရေပြင်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

Sathon သင်္ဘောဆိပ်သည် Chao Phraya မြစ် အတွင်းရှိ သင်္ဘောများ ရပ်နားရာ နေရာ ဖြစ်ပြီး နေ့စဉ် နန်းတော် ၊ ဘုရားကျောင်း ၊ သင်္ဘောဆိပ် ညဈေး နှင့် တရုတ်တန်းဈေး စသည့် ခရီးသွား ဧည့်သည် များစည်ကား သည့် နေရာ များသို့ သင်္ဘောဖြင့် သွားရောက် လည်ပတ်နိုင်သည့် နေရာ တစ်ခု ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့ထားကာ ဗုံးပေါက်ကွဲ ခဲ့သည့် နေရာတွင် စုံးစမ်း စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရှိရသည်။

သြဂုတ်လ ၁၇ ရက်နေ့ ညတွင်လည်း ဘန်ကောက်မြို့လယ် စီးပွားရေးဇုန် အနီးရှိ လေးမျက်နာဘုရား အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး ၂၀ ဦးသေဆုံးကာ ၁၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117