Connect with us

Asia

ဘက်ထရီ ချို့ယွင်းချက်ကြောင့် ရောင်းချထားပြီးသည့် Galaxy Note 7 အား ဆမ်ဆောင်း ပြန်လည် သိမ်းယူမည်

Galaxy Note 7 ဖုန်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆိုးလ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဆမ်ဆောင်း Galaxy Note 7 စမတ်ဖုန်းသည် ဘက်ထရီ ချို့ယွင်းချက် တွေ့ရှိရသဖြင့် ကမ္ဘာတစ်ဝန်း၌ ရောင်းချထားသည့် ဖုန်းများအား ပြန်လည် သိမ်းယူရန် ဆုံးဖြတ်လိုက်ကြောင်း ဆမ်ဆောင်း အီလက်ထရောနစ် က စက်တင်ဘာလ ၂ ရက်က ပြောကြားလိုက်သည်။

ကိုရီးယားနိုင်ငံနှင့် ပြည်ပနိုင်ငံများရှိ ဆမ်ဆောင်း ဆားဗစ် စင်တာများ၌ စက်တင်ဘာလ ၁ ရက်အထိ Galaxy Note 7 စမတ်ဖုန်း၏ ဘက်ထရီ ပြဿနာ တိုင်ကြားမှု ၃၅ ခု ရှိခဲ့ကြောင်း ဆမ်ဆောင်း မိုဘိုင်း ဋ္ဌာနခွဲ အကြီးအကဲ ခိုဒုံဂျင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုလို ဘက်ထရီ ပြဿနာသည် Galaxy Note 7 ဖုန်းလုံးရေ တစ်သန်းလျှင် ၂၄ ခုတွင် ဖြစ်ပွားနိုင်ကြောင်း ဆမ်ဆောင်း ဥက္ကဋ္ဌ က အတည်ပြုထားပြီး ကမ္ဘာတစ်ဝန်း၌ ရောင်းချထားသည့် Galaxy Note 7 ဖုန်းများအား ပြန်သိမ်းမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အပြစ်အနာအဆာရှိသော စမတ်ဖုန်းများ ရောင်းချခြင်းအား ဆမ်ဆောင်းက ဆိုင်းငံ့ထားပြီး ရောင်းချထားပြီး ဖြစ်သည့် Note 7 ဖုန်းများအား အသစ် တစ်လုံးဖြင့် အစားထိုး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.