Connect with us

Asia

အင်ဒိုနီးရှားတွင် အင်အား ၆.၀ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွား

/world/2018/07/3za1.jpg

ဂျာကာတာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ၌ ဇူလိုင် ၃ ရက်တွင် ရစ်ချ်တာစကေး ၆.၀ ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း၊ သို့ရာတွင် ဆူနာမီ ဖြစ်ပွားနိုင်ခြင်းမရှိကြောင်း မိုးလေဝသ နှင့် ဘူမိဗေဒ ဌာန က ပြောကြားခဲ့သည်။

ငလျင်သည် North Sulawesi ပြည်နယ် Sangihe ကျွန်းများ၏ အနောက်မြောက်ဘက် ၂၄၀ကီလိုမီတာ အကွာရှိ ပင်လယ်ကြမ်းပြင်အောက် ၇၇ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် ၄း၅၉နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူ Pambagio ကပြောကြားခဲ့သည်။

အဆိုပါ ငလျင်အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း၊ ထိခိုက်ပျက်စီးမှု နှင့် ပတ်သက်၍ ယခုအချိန်ထိ သိရှိခြင်းမရှိသေးကြောင်း ၎င်းက ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် “Pacific Ring of Fire” ဟုခေါ်ဆိုသော ငလျင်ဇုန်ပေါ်တွင် တည်ရှိနေသောကြောင့် ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.