Connect with us

Asia

ထိုင်း ဘုရင် မွေးနေ့ အထိမ်းအမှတ် လိပ် ကောင်ရေ ၁၀၀၀ ကျော် လွှတ်

ထိုင်းနိုင်ငံ ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း ဘိုဒင်ဒရာဒက်ဘေရာဗာရန်ကွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မွေးနေ့ အမျိုးသား အထိမ်းအမှတ်ပွဲများအဖြစ် အရှေ့ပိုင်းတွင် ဇူလိုင်လ ၂၆ ရက်က ထိုင်းပြည်သူ ရာပေါင်းများစွာ စုဝေးကာ လိပ်ကောင်ရေ ၁၀၆၆ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်တွင် ထိုင်း ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း ဘိုဒင်ဒရာဒက်ဘေရာဗာရန်ကွန်း (Maha Vajiralongkorn Bodindradebayavarangkun) သည် သက်တော် ၆၅ နှစ်ပြည့်မည် ဖြစ်သည်။ ၎င်း၏ မွေးနေ့အား ပထမဆုံးအဖြစ် အမျိုးသား အားလပ်ရက်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီပြည်နယ် ဆတ်တာဟစ်ခရိုင်ရှိ ပင်လယ်လိပ် ထိန်းသိမ်းစောင့်ရှောက်ခြင်း စင်တာ၌ ပြည်သူ ရာပေါင်းများစွာက အစိမ်းရောင် အများစုရှိသော ပင်လယ်လိပ်ငယ် ၁၀၆၆ ကောင်အား ပင်လယ်ထဲသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

လိပ်ကောင်ရေအား ၁၀၆၆ ဟု ရွေးချယ်ရခြင်းမှာ နံပါတ် ၁၀ မှာ ဘုရင် ရာမအား ကိုယ်စားပြုသလို နံပါတ် ၆၆ မှာ လက်ရှိ ဘုရင်၏ အသက်အား တစ် ထပ်ပေါင်းထည့်ထားခြင်း ဖြစ်ပြီး ဘုရင်မင်းမြတ် သက်တော်ရှည်စေမည့်အကြောင်း တောင်းဆုပြုခြင်း ဖြစ်ကြောင်း ဒေသတွင် မီဒီယာက ဖော်ပြထားသည်။

ထိုသို့ လိပ်လွှတ်ပွဲ မပြုလုပ်မီ တစ်ရက်အလိုက ဝန်ကြီးချုပ် ပရာယွတ် ချန်-အိုချာက ထိုင်းပြည်သူများအား ဘုရင်သစ်အား သစ္စာစောင့်သိခြင်းအား ပြသရန်အတွက် ကောင်းမွန်စွာ ပါဝင်ပေးရန် တိုက်တွန်းခဲ့သည်။

ဗုဒ္ဓဘာသာဝင်များက တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်းဖြင့် ကောင်းသော ကံအကျိုးများ ရရှိစေမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရင် ဗာဂျီရယ်လောင်ကွန်း၏ ပထမဆုံး အမျိုးသား မွေးနေ့ အထိမ်းအမှတ်အဖြစ် လိပ်များနှင့် ငှက်များအား လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်က ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒတ် နတ်ရွာစံပြီးနောက် ဒီဇင်ဘာလတွင် ထိုင်း ဘုရင်အသစ် ဗာဂျီရယ်လောင်ကွန်းက ထီးနန်းဆက်ခံခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.