Connect with us

Asia

နိုင်ငံတကာ ခရီးသွားပွဲတော် ဗီယက်နမ်နိုင်ငံတွင် ကျင်းပရန်ရှိ

၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ဗီယက်နမ် နိုင်ငံတကာခရီးသွားပွဲတော် ကျင်းပခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဗီယက်နမ် နိုင်ငံတကာ ခရီးသွားပွဲတော်အား မတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသပေါင်း ၂၅ ခုမှ ခရီးသွားကုမ္ပဏီများစွာ ပါဝင်ကြမည် ဖြစ်ကြောင်း ဗီယက်နမ် ခရီးသွားလုပ်ငန်းအသင်းက ဇန်နဝါရီလ ၁၁ ရက်တွင် ကြေညာလိုက်သည်။

ခရီးသွားလုပ်ငန်း ထုတ်ကုန်များ၊ ခရီးစဉ်များနှင့် သွားမည့်နေရာ အမျိုးမျိုးကိုလည်း အစိမ်းရောင် ခရီးသွားလုပ်ငန်းအား အဓိကထားကာ ပြခန်းပေါင်း ၅၀၀ ကျော်ဖြင့် ပြသသွားမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်မည်ဖြစ်ပြီး eco-tourism ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုတွင် အတွေ့အကြုံများ ဝေမျှသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးရက်ကြာပြုလုပ်မည့် ပွဲအတွင်း ခရီးစဉ် ၃၂,၀၀၀ ကျော်နှင့် လေယာဉ်လက်မှတ်ပေါင်း ၂၀,၀၀၀ စောင် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း ဗီယက်နမ် ခရီးသွားလုပ်ငန်းအသင်းက ဖော်ပြထားသည်။ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်တွင် အကြမ်းဖျဉ်း နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၅.၅ သန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နှင့်ယှဉ်ပါက ၁၉.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ လာရောက်သည့် ခရီးသွားဧည့်သည်များအနက် တောင်ကိုရီးယားနိုင်ငံမှ ၄၄.၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ဖင်လန်နိုင်ငံ ၂၄.၉ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ၂၃.၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အမျိုးသား ခရီးသွားလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာနအရ သိရသည်။ (Xinhua)