Connect with us

Asia

စာမေးပွဲတွင် လိမ်လည် ဖြေဆိုပြီး ပထမ ရရှိခဲ့သည့် မိန်းကလေးအား အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းဆီး

စာမေးပွဲ လိမ်လည် ဖြေဆိုခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် အိန္ဒိယ မိန်းကလေးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဇီလန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် စာမေးပွဲ၌ အမှတ်အများဆုံး ရရှိခဲ့သည့် အသက် ၁၇ နှစ် အရွယ် မိန်းကလေး တစ်ဦးအား ပြန်လည် စစ်ဆေးခဲ့ရာတွင် စာမေးပွဲ လိမ်လည် ဖြေဆိုခဲ့ကြောင်း တွေ့ရှိရသဖြင့် အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘီဟာ ပြည်နယ်တွင် စာမေးပွဲ ပထမ ရရှိခဲ့သည့် ရူဘီရိုင်အား ဖမ်းဆီးခံခဲ့ရပြီး တရားရုံးက စစ်ဆေးပြီးနောက် နှစ်ပတ်ကြာ ထိန်းသိမ်းထားရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ရူဘီအား ဗွီဒီယို အင်တာဗျူး တစ်ခု၌ ၎င်း၏ စာမေးပွဲဖြေဆိုခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်း၏ အဓိက ဘာသာရပ်ဖြစ်သော နိုင်ငံရေး သိပ္ပံသည် ချက်ပြုတ်နည်း ဘာသာဟု ဖြေကြားခဲ့ပြီးနောက် ယခုလို ဖမ်းဆီးခံ ခဲ့ရခြင်း ဖြစ်သည်။
“ပြန်လည် စစ်ဆေးခြင်းမှာ ကျရှုံးခဲ့ပြီးနောက် သူရဲ့ မူလ ရလဒ်ကို ပယ်ဖျက်ခဲ့ပါတယ်၊ အဲဒီနောက် ရိုင်လဲ အဖမ်းခံခဲ့ရပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။
ရဲတပ်ဖွဲ့ အဆိုအရ ပြည်နယ်အဆင့် စာမေးပွဲများ၌ ကောင်းမွန်စွာ ဖြေဆိုအောင်မြင်ခဲ့သော်လည်း လိမ်ညာ ဖြေဆိုခဲ့သည်ဟု သံသယရှိသည့် ကျောင်းသားများစွာအား ဖမ်းဝရမ်းထုတ်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကျောင်းသား မိဘများသည် ကလေးများ စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ကျောင်းနံရံများ ကျော်တက်ကာ အဖြေများ ပစ်ပေးသည့် ဓာတ်ပုံများ ပျံ့နှံ့ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.