Connect with us

Asia

ပါကစ္စတန် နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ တောင်ပိုင်းတွင် အကြမ်းဖက် အဖွဲ့ဝင် ၆ ဦး ကို ပစ်ခတ်ရှင်းလင်း

ပါကစ္စတန် နိုင်ငံ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် Karachi မြို့ မှ ရဲတပ်ဖွဲ့ က စက်တင်ဘာ ၂၈ ရက်နေ့၌ အကြမ်းဖက် အဖွဲ့အစည်း ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက် အဖွဲ့ဝင် ၆ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ပါကစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် သတင်းပေးပို့မှု အရ Karachi မြို့အတွင်း ပုန်းခိုနေသော အကြမ်းဖက် အဖွဲ့ ကို သွားရောက်ရှင်းလင်းရာတွင် အကြမ်းဖက်အဖွဲ့အစည်း ၏ ခုခံ တိုက်ခိုက်မှု ကို ခံခဲ့ရသဖြင့် ရဲတပ်ဖွဲ့ မှ ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် အားလုံး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ၊ ထို့ပြင် ရဲတပ်ဖွဲ့ က ပခုံးထမ်းဒုံးကျည်များ ၊ ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ နှင့် လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး က ရဲတပ်ဖွဲ့အနေဖြင့် ယခု ရှင်းလင်းခဲ့သည့် အကြမ်းဖက် အဖွဲ့အစည်း ၏ သွားလာလှုပ်ရှားမှု ကို သိရှိထားပြီး ဖြစ်ကာ ၎င်းတို့ထွက်ပြေးတိမ်းရှောင်မည် စိုးသဖြင့် ရှင်းလင်းမှု ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များတွင် ပစ်ခတ်ရှင်းလင်းလိုက်သည့် အကြမ်းဖက်သမား ၆ ဦးသည် Al-Qaeda နှင့် IS အစွန်းရောက် အဖွဲ့အစည်း တို့၏ လက်အောက်ခံများ ဖြစ်ကြပြီး ၎င်းတို့အတွင်း မှ အကြမ်းဖက်သမား တစ်ဦး သည် အင်ဂျင်နီယာဖြစ်ပြီး မောင်းသူမဲ့လေယာဉ်နည်းပညာရှင်လည်း ဖြစ်ကာ အကြမ်းဖက် တိုက်ခိုက်မှု အများအပြား တွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။

လတ်တလော နှစ်ပိုင်းတွင် ပါကစ္စတန် နိုင်ငံ သည် နိုင်ငံအတွင်း၌ အကြမ်းဖက်အဖွဲ့အစည်း ရှင်းလင်းရေး ကို အတိုင်းအတာ ကြီးမားစွာ ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံ လုံခြုံရေး အခြေအနေ အလွန်တိုးတက် ကောင်းမွန်လာ ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှု များစတင် ကျဆင်းလာခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ပါကစ္စတန် နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၇၈၅ ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်ထက် ၃၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.