Connect with us

Asia

ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ လက်ရှိ ဒူဘိုင်းတွင် ရှိကြောင်း ထိုင်း ဝန်ကြီးချုပ် အတည်ပြု

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဝရမ်းပြေးဟု သတ်မှတ်ထားခြင်းခံရပြီး တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ထားသော ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် လက်ရှိတွင် ဒူဘိုင်းမြို့၌ ပုန်းခိုနေကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်ဝအို-ချာက စက်တင်ဘာလ ၂၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားပြီး လက်ရှိ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဒူဘိုင်းမြို့တွင် ယင်လပ် ပုန်းခိုနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တရားမဝင် အတည်ပြုထားပြီး ဖြစ်ကြောင်း ပရာယွတ်က ဆိုသည်။

ယင်လပ်အား တာဝန် ပေါ့လျော့မှုကြောင့် စက်တင်ဘာလ ၂၇ ရက်တွင် တရားရုံးချုပ်က ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။

၎င်းအား ရှာဖွေကာ ထောင်ဒဏ်ကျခံစေရန် တာဝန်ရှိသူများအတွက် ဒုတိယမြောက် ဖမ်းဝရမ်းအား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်လပ်အား ရှာဖွေကာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာပြီး ပြစ်ဒဏ် ကျခံစေရန် ရဲတပ်ဖွဲ့က တာဝန်ရှိကြောင်း ပရာယွတ်က မှတ်ချက်ပြုခဲ့သလို ထိုင်း ရဲတပ်ဖွဲ့အနေဖြင့် အင်တာပိုထံ အကူအညီ တောင်းခံမည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအနေဖြင့် ယင်လပ်၏ ပြည်ပထွက်ခွာခြင်းအား ဖိအားပေးနိုင်ရန် ၎င်း၏ နိုင်ငံကူးလက်မှတ်အား ရုပ်သိမ်းရန် စဉ်းစားသင့်ကြောင်း ပရာယွတ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.