Connect with us

Asia

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဒေသ တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၇ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဒေသ တွင် ဇန်နဝါရီ ၉ ရက်နေ့ ၌ ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Quetta မြို့တွင် ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်း အချိန်တွင် ရဲတပ်ဖွဲ့ အား တိုက်ခိုက်သည့် ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွား ခဲ့ရာ တိုက်ခိုက်သူ အပါအဝင် လူပေါင်း အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဗုံးခွဲတိုက်ခိုက်မှု သည် Balochistan ပြည်နယ် လွှတ်တော် အနီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သူသည် မော်တော်ဆိုင်ကယ် ဖြင့် လွှတ်တော် အနီးတာဝန်ထမ်းဆောင် နေသည့် ရဲကားသို့ အရှိန်ဖြင့်မောင်းနှင်လာ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် လွှတ်တော် အတွင်း အစည်းအဝေး ကျင်းပ နေချိန် ဖြစ်ပြီး တိုက်ခိုက်သူ အနေဖြင့် ကနဦး ရည်ရွယ်ချက် အနေဖြင့် လွှတ်တော် အတွင်း ဖောက်ခွဲရန် ကြံစဉ်ထားသော်လည်း ရဲအင်အား များပြားစွာ ချထားသောကြောင့် ရဲတပ်ဖွဲ့ ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Quetta မြို့ ဆေးရုံ မှ တာဝန်ရှိသူ တစ်ဦး ၏ ဆင်ဟွာ သတင်းဌာန သို့ အတည်ပြုချက်အရ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူ တစ်ဦး ၊ ရဲတပ်ဖွဲ့ဝင် ၅ ဦး နှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများအနက် အနည်းဆုံး ၆ ဦး မှာ လွန်စွာ ပြင်းထန်ပြီး သေဆုံးသူ စာရင်း မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဒေသတွင်း အစိုးရ က တိုက်ခိုက်မှု အား အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ် အဖြစ် သတ်မှတ် ခဲ့ပြီး ဒေသတွင်း မီဒီယာများ က ပါကစ္စတန် တာလီဘန် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.