Connect with us

Asia

ဒုတိယအကြိမ်မြောက် LMC ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်နှင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ရောက်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်နှင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇန်နဝါရီလ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့သည်။

“ဖနွမ်းပင်မှာလုပ်တဲ့ ဒုတိယအကြိမ်မြောက် LMC ခေါင်းဆောင်များ အစည်းအဝေးမှာ လုပ်ဖော်ကိုင်ဖက်များနဲ့ လက်တွဲကာ ရေထိန်းသိမ်းရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်နဲ့ အခြား နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အနာဂတ် လှုပ်ရှားမှုအစီအစဉ်များ ဆွေးနွေးဖို့ မျှော်လင့်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Khmer Times သတင်းစာတွင် ခရီးစဉ်မတိုင်မီ ရေးသားခဲ့သော ဆောင်းပါး၌ ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

“ယခုလို ကြိုးပမ်းအားထုတ်မှုတွေက အကျိုးကျေးဇူး ရလဒ်များစွာ ရရှိစေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အဆိုပါ ခေါင်းဆောင်များ အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည့် ဝန်ကြီးချုပ် လီက ပြောသည်။

အစည်းအဝေးအတွင်း LMC အဖွဲ့ဝင် ခြောက်နိုင်ငံဖြစ်သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ခေါင်းဆောင်များက ဒေသခွဲနိုင်ငံများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်မှုများအား ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအား ဆွေးနွေးခြင်း စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang အရ သိရသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက အစပြုခဲ့သော LMC လုပ်ထုံးလုပ်နည်းသည် ကွန်ရက်ချိတ်ဆက်ခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် ဦးတည်ချက် ငါးရပ်အား အလေးထားခဲ့သည်။

လန်ချန်း-မဲခေါင်မြစ်၏ မူလအစမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွင်ဟိုင်း-တိဘက် ကုန်းပြင်မြင့် (Qinghai-Tibet) မှ အစပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါမြစ်ကို တရုတ်နိုင်ငံ၌ လန်ချန်းမြစ်ဟူ၍လည်းကောင်း၊ မြန်မာ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံများကို ဖြတ်သန်းစီးဆင်းချိန်တွင် မဲခေါင်မြစ်ဟူ၍ လည်းကောင်း ခေါ်ဆိုကာ ပင်လယ်တွင်းသို့စီးဝင်ခဲ့သည်။

ယခုနှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်ခြင်း နှစ်ပေါင်း ၆၀ ပြည့်မြောက်သည့် အခါသမယ၌ တရားဝင် ချစ်ကြည်ရေးခရီးစဉ်လည်း ဖြစ်သည့်အားလျော်စွာ လီသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒမ် စီဟာမိုနီနှင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့်လည်းကောင်း တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.