Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ယာဉ်တိုက်မှုများကြောင့် လူ ၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံရှိ လမ်းမပေါ်တွင် ပြေးဆွဲနေသည့် စက်တပ်လန်ချားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသော ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပထမ ယာဉ်တိုက်မှုမှာ ဘီဟာပြည်နယ် မြို့တော် ပတ်နာမှ ၃၅၀ ကီလိုမီတာ ပါနီရာခရိုင်ရှိ အမှတ် ၅၇ အဝေးပြေးလမ်းမကြီးပေါ်တွင် ထရပ်ကား နှစ်စီး တိုက်မိခဲ့ခြင်း ဖြစ်သည်။“ထရပ်ကားတိုက်မှုကြောင့် ယာဉ်မောင်း ၂ ဦးနဲ့ အကူ ၂ ဦး သေသွားခဲ့တယ်” ရဲအရာရှိ Raj Kumar Shah က မီဒီယာသို့ ပြောကြားခဲ့သည်။

ယင်း ထရပ်ကား နှစ်စီးလုံးအား ဖမ်းဆီးထားလိုက်ပြီး မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ဒုတိယမြောက် မတော်တဆမှုမှာ စက်တပ်လန်ချား တစ်စီးနှင့် ကား တစ်စီးတို့ ပတ်နာမြို့မှာ ၁၇၀ ကီလိုမီတာအကွာရှိ ခါဂါဂီရာခရိုင်၌ တိုက်မိခဲ့ခြင်း ဖြစ်သည်။

“အဲဒီယာဉ်တိုက်မှုကြောင့် စက်တပ်လန်ချားပေါ် လိုက်ပါလာတဲ့ ခရီးသည် ၃ ဦး သေဆုံးသွားပြီး အခြားသူ ၃ ဦးကို အနီးရှိ ဆေးရုံကို ပို့လိုက်ပါတယ်” ဟု ဒေသခံရဲအရာရှိ Akhilesh Singh က ပြောကြားခဲ့သည်။“ယာဉ်တိုက်မှုကို စစ်ဆေးနေသလို အခင်းဖြစ်ပွားရာက ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးဖို့ လုပ်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)