Connect with us

Asia

ဖိလစ်ပိုင်တွင် ခေါင်းချင်းဆက် အမွှာညီအမအား ခွဲစိတ်ကုသမည်

ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းချင်းဆက် အမွှာမိန်းကလေး နှစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းချင်းဆက် အမွှာမိန်းကလေး နှစ်ဦးအား ခွဲစိတ်ကုသတော့မည်ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ၎င်းတို့ အနက် တစ်ဦး (သို့) နှစ်ဦးစလုံး အသက်ဆုံးရှုံးနိုင်သည့် အနေအထား တွင်ရှိကြောင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။

အသက် ၁၀နှစ်ရှိပြီဖြစ်သော Joy နှင့် Jyce Magsino အမည်ရှိ အမွှာမိန်းကလေး ၂ဦး သည် ကလေးမွေးဖွားမှု တစ်သန်းတွင် ၁၀ဦးမှ ၂၀ဦးဝန်းကျင်သာဖြစ်လေ့ရှိသော ခေါင်းချင်းဆက် ပုံစံမျိုးဖြင့် မွေးဖွားလာခြင်းဖြစ်သည်။

မနီလာမြို့အနီးရှိ ဆေးရုံတစ်ရုံတွင် ယင်းအမွှာမိန်းကလေးအား ခွဲစိတ်မှုစတင်ပြုလုပ်နိုင်ရန် လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သတင်းတစ်ရပ်၌ဖော်ပြခဲ့သည်။

ဆရာဝန်များက ယင်းခွဲစိတ်မှုသည် အောင်မြင်နိုင်ခြေရှိသော်လည်း အန္တရာယ်ရှိကြောင်းပြောကြားခဲ့သည်။

မိဘဖြစ်သူများက ၎င်းတို့၏ ကလေးငယ် ၂ဦးသည် ခွဲစိတ်ကုသမှုခံယူပြီးနောက် အများနှင့်တန်းတူ သာမန်ဘဝဖြင့်နေထိုင်သွားနိုင်မည်ဟု မျှော်လင့်နေပြီး ခွဲစိတ်ကုသမှုအတွက် ကျသင့်မည့် အမေရိကန်ဒေါ်လာ ၉၉,၄၀၀ ဒေါ်လာအတွက် ကူညီလှူဒါန်းကြပါရန် တောင်းဆိုထားကြောင်း သိရသည်။

အမွှာ၂ဦး၏ ဖခင်ဖြစ်သူသည် ဆိပ်ကမ်းအလုပ်သမားတစ်ယောက်ဖြစ်ပြီး တစ်နေ့လုပ်ခ အမေရိကန်ဒေါ်လာ ၈ဒေါ်လာခန့်သာ ရရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ခေါင်းချင်းဆက် အမွှာများအား အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည့် သက်သေသာဓကများစွာ ရှိနေပြီး ဇူလိုင်လတွင် အမေရိကန်ဆေးရုံတစ်ရုံ၌ အဖွဲ့ဝင် ၃၀ဦးပါဝင်သော ကုသရေးအဖွဲ့က ၁၀လသားအရွယ် ခေါင်းချင်းဆက် အမွှာမိန်းကလေး ၂ဦးအား အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကာ ခွဲစိတ်ချိန် ၁၁နာရီကြာမြင့်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.