Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၏ Mount Agung မီးတောင်ပေါက်ကွဲမှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံရှိ Mount Agung မီးတောင်မှ မီးခိုးပြာများမှုတ်ထုတ်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစု၌ တည်ရှိသည့် Mount Agung မီးတောင်ကြီးသည် နိုဝင်ဘာလ ၂၁ ရက်တွင် ကောင်းကင်ပေါ်သို့ပြာမှုန့်များကို မှုတ်ထုတ်နေကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူများက ဆိုသည်။

၎င်းမီးတောင်သည် ကမ္ဘာလှည့်ခရီးသွားများ အသွားအလာများသည့် hub Kuta မှ ၇ဝ ကီလိုမီတာအကွာ Karang Asem ခရိုင်အတွင်း တည်ရှိကြောင်း ၊ ဒေသစံတော်ချိန် မွန်းလွဲ ၅ နာရီ ၅ မိနစ်ခန့်တွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆက်လက် လှုပ်ရှားလျက်ရှိကြောင်း အမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့စာဖြင့် ဖြေကြားခဲ့သည်။

သို့သော် မီးတောင်ကျွမ်းကျင်သူများက မီးတောင်ပေါက်ကွဲမှုအား ဒုတိယအမြင့်ဆုံးအဆင့်ဖြင့် တပ်လှန့်ထားကြောင်း နှင့် သွားလာခြင်းမပြုရသော ဇုန်အဖြစ် သတ်မှတ်ထားကြောင်း Sutopo က ဆိုသည်။ ထို့ပြင် မီးတောင်ပေါက်ကွဲမှုကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု နှင့် ပျက်စီးဆုံးရှုံးမှု သတင်းများ မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာလက မီးတောင်အတွက် အဆင့်မြင့်ဆုံးတပ်လှန့်ထားချိန်တွင် ဒေသခံ ၁၄၄,ဝဝဝ ဦးထဲမှ ၂၉,၂၄၅ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ ့ပေးခဲ့ရကြောင်း အေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

၎င်းမီးတောင်သည် ၁၉၆၃ ခုနှစ်တွင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ပြီး ကျွန်းပေါ်နေထိုင်သူ ၁၁ဝဝ ဦးသေဆုံးခဲ့ရကြောင်း ၊ ကျွန်းစုပေါင်း ၁၅,ဝဝဝ ဖြင့်ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားသက်ဝင်နေသော မီးတောင်ပေါင်း ၁၂၉ ခု အနက် Mount Agung မီးတောင်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.