Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

ဖိလစ်ပိုင် သမ္မတသစ် ရော့ဒရီဂို ဒူတာတေးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ကြိမ်မြောက် သမ္မတ အဖြစ် ရော့ဒရီဂို ဒူတာတေး (Rodrigo Duterte) က ဇွန်လ ၃၀ ရက်က ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြောင်း သိရသည်။

တရားရုံးချုပ် အဖွဲ့ဝင် တရားသူကြီး Bienvenodo Reyes က ကျမ်းသစ္စာ ကျိန်ဆိုမှုအား သမ္မတ နန်းတော် Malacanang အတွင်းက Rizal ခန်းမတွင် လက်ခံခဲ့သည်။ ဒူတာတေး၏ သားသမီးများ ဖြစ်သော Paolo, Sara, Sebastian နှင့် Veronica တို့က သက်သေအဖြစ် ရပ်တည်ပေးခဲ့သည်။
Davao မြို့တော်ဝန်ဟောင်း ဒူတာတေးသည် မေလ ၉ ရက်က ကျင်းပခဲ့သည့် ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲ ၌ ထောက်ခံမဲ ၁၆,၆၀၁,၉၉၇ ဖြင့် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
၎င်း၏ ပွဲဦးထွက် မိန့်ခွန်းတွင် ဒူတာတေးက ၎င်း၏ အစိုးရအဖွဲ့သည် တိုင်းပြည်ကို ပြောင်းလဲပေးနိုင်မည်ဟု ကတိပြုခဲ့သည်။
“ပြောင်းလဲမှုတွေကို ကျွန်တော်တို့ ကိုယ်တိုင် လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ကျွန်တော်တို့ကိုယ်တိုင် ပြောင်းလဲလို တဲ့ ဆန္ဒ ရှိကြဖို့လဲ လိုတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။
တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှုနှင့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍လည်း ၎င်းက “ တရားမဝင် မူးယစ်ဆေးတွေက တစ်ဦးချင်းကိုသော်လည်းကောင်း၊ မိသားစု ဆက်ဆံရေးကိုသော်လည်းကောင်း ဘယ် လောက်ထိ ဖျက်ဆီးနေလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီး ဖြစ်တယ်၊ သမ္မတ တစ်ဦး၏ အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့်က အကန့်အသတ် ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်”ဟု ဒူတာတေးက ပြောသည်။
ဒူတာတေးက သေဒဏ် ပြစ်ဒဏ်အား ပြန်လည် အသက်သွင်းခြင်း အပါအဝင် ၎င်း၏ မှုခင်းတိုက်ဖျက်ရေး အစီ အစဉ်တွင် မူးယစ်ဆေး ရောင်းဝယ်သူများအား လုံခြုံရေး ဝန်ထမ်းများက အသေပစ်သတ်ခွင့်ပြုထားကြောင်း ပါရှိသည်။
ထို့ပြင် Maria Leonor Robredo သည်လည်း ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတအဖြစ် ခြောက်နှစ်တာ သက်တမ်း အတွက် ဇွန်လ ၃၀ ရက်က Quezon မြို့၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်း၏ ပွဲဦးထွက် မိန့်ခွန်းတွင်မူ ပြန်လည် ပေါင်းစည်းရေးနှင့် အထူးသဖြင့် ဆင်းရဲသား ဖိလစ်ပိုင်နိုင်ငံသားများအတွက် ကြွယ်ဝချမ်းသာမှုအား ဖော်ဆောင် ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.