Connect with us

Asia

အာရှတွင် အကောင်းဆုံး အပန်းဖြေဥယျာဉ်အဖြစ် Universal Studios Singapore ရွေးချယ်ခံရ

Universal Studios Singapore အား တွေ့ရစဉ် (ဓာတ်ပုံ -အင်တာနက်)

စင်ကာပူ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ခရီးသွား ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သော TripAdvisor က အာရှတွင် အကောင်းဆုံး အပန်းဖြေ ဥယျာဉ်အဖြစ် Universal Studios Singapore အား သုံးနှစ်ဆက်တိုက် ရွေးချယ်ခံရကြောင်း သိရသည်။

ခရီးသွားများ အကြိုက် ကမ္ဘာတစ်ဝန်းမှ အပန်းဖြေ ဥယျာဉ်နှင့် ရေပန်း ဥယျာဉ်များအား ရွေးချယ်ခဲ့ရာတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ရှိ Universal’s Island of Adventure က ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဆု ရရှိခဲ့ကြောင်း TripAdvisor က ကြေညာခဲ့သည်။
အာရှတွင်မူ စင်ကာပူနိုင်ငံက Universal Studios Singapore က ဒေသတွင်း ယှဉ်ပြိုင်ပွဲ၌ ပထမရရှိခဲ့ပြီး ဟောင်ကောင်ရှိ ဒစ္စနေးလန်းက ဒုတိယ ရရှိခဲ့သည်။
ထို့ပြင် အပန်းဖြေဥယျာဉ် ထိပ်ဆုံး ၂၅ ခုစာရင်း၌ Tokyo DisneySea, Universal Studios Japan နှင့် Tokyo Disneyland စသည်တို့က စတုတ္ထ၊ ပဉ္စမ နှင့် ဆဋ္ဌမ နေရာ အသီးသီး ရရှိခဲ့ပြီး Legoland Malaysia က နံပါတ် ၁၂ နေရာသို့ ရောက်ရှိလာခဲ့သည်။
အာရှရှိ ရေပန်းဥယျာဉ် ဆုရရှိမှု အနေဖြင့် အင်ဒိုနီးရှားရှိ ဘာလီ Waterboom ၊ ထိုင်းနိုင်ငံရှိ Black Mountain Water Park ၊ တောင်ကိုရီးယားနိုင်ငံရှိ Caribbean Bay တို့က ထိပ်ဆုံး သုံးနေရာတွင် ရှိနေပြီး စင်ကာပူနိုင်ငံ Sentosa အပန်းဖြေ အိမ်ရာရှိ Adventure Cove က နံပါတ် ၆ နေရာနှင့် မလေးရှားနိုင်ငံက Sunway Lagoon Theme Park က နံပါတ် ၅ နေရာသို့ အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စင်ကာပူက marina Bay Sands Skypark က ယခုနှစ်အတွက် ခရီးသွားများ အကြိုက်ဆုံးဆု ရရှိခဲ့ပြီး အာရှရှိ ခရီးသွားလာရန် နေရာ ထိပ်ဆုံး ၂၅ ခုစာရင်းတွင်မူ နံပါတ် ၁၆ ချိတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.