Connect with us

Asia

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ မေလ ၉ ရက်တွင် ကျင်းပမည်

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေသော ဝန်ကြီးချုပ် Hwang Kyo-ahn အားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က သမ္မတရွေးကောက်ပွဲအား မေလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း နှင့် ယင်းနေ့အား ယာယီအားလပ်ရက်အဖြစ် လျာထားကြောင်း မတ် ၁၅ ရက်က ပြောကြားခဲ့သည်။

အစိုးရအုပ်ချုပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Hong Yoon-shik က အစိုးရအဖွဲ့အစည်းအဝေး တက်ရောက်ပြီးနောက် ယင်းသို့ကြေညာခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယခင်သမ္မတဟောင်း ပက်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်မှုကို တညီတညွတ်တည်း ထောက်ခံလိုက်ပြီးနောက် မတ်လ ၁၀ ရက်တွင် ပက်ဂွမ်ဟေးအား ရာထူးမှ ရပ်စဲလိုက်ရာ သမ္မတရာထူးမှာ တရားဝင်လစ်လပ်နေ၍ သမ္မတရွေးကောက်ပွဲအား ရက်ပေါင်း ၆၀အတွင်း ကျင်းပရခြင်းဖြစ်သည်။

လက်ရှိတွင် ယာယီသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဝန်ကြီးချုပ် Hwang Kyo-ahn က သမ္မတရွေးကောက်ပွဲတရားမျှတစွာ ကျင်းပနိုင်ရေးအတွက် ၎င်းအနေဖြင့် စီမံခန့်ခွဲရန် လိုအပ်နေပြီး နိုင်ငံ့အရေးများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် သမ္မတရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး၌ပြောကြားခဲ့သည်။

Hwang သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှုတွင် သမ္မတရွေးကောက်ပွဲအတွက် နာမည်ပြေးနေပြီး အကြီးဆုံးအတိုက်အခံပါတီဖြစ်သည့် Minjoo ပါတီ ဥက္ကဋ္ဌဟောင်း ဖြစ်သော Moon Jae-in နှင့် နှိုင်းယှဉ်ပါက ထောက်ခံမဲအမြင့်ဆုံးရရှိထားကြောင်း သိရသည်။

Hwang က လာမည့်ရွေးကောက်ပွဲအား သန့်ရှင်းမျှတစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးများအနေဖြင့် အကောင်းဆုံးကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.