Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ သမ္မတ က မူးယစ်ဆေးဝါး နှိမ်နင်းရေး တွင် ရဲတပ်ဖွဲ့ မပါဝင်တော့ရန် အမိန့်ကြေညာ

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က လတ်တလော ရက်ပိုင်းတွင် ဖိလစ်ပိုင် နိုင်ငံ အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာန သာလျှင် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပြီး အမျိုးသား ရဲတပ်ဖွဲ့ နှင့် အမျိုးသား စုံစမ်းစစ်ဆေးရေး ဌာန စသည့် အခြားသော အဖွဲ့အစည်း များ ပါဝင်ဆောင်ရွက်နိုင်တော့မည် မဟုတ်သည့် နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့သည်။

ဒူတာတေး က လက်မှတ်ရေးထိုးပြီးနောက် တွင် အနာဂတ်၌ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာန သည် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပြီး အခြားသော အဖွဲ့အစည်း များအနေဖြင့် လက်ဝယ်ရှိ အချက်အလက်များ အားလုံး ကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာန သို့လွှဲပြောင်း ပေးအပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဒူတာတေး အနေဖြင့် ယခု ကဲ့သို့သော အမိန့်ကြေညာချက် ထုတ်ပြန်ရခြင်း သည် ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ မှ မူးယစ်ဆေးဝါး နှိမ်နင်းရေး လှုပ်ရှားမှု အတွင်း တရားမဝင် ပစ်ခတ်သတ်ဖြတ်ခြင်း ရှိသည် ဟု သံသယ ရှိသောကြောင့် ဖြစ်ကြောင်း ၊ အထူးသဖြင့် ယခုနှစ် သြဂုတ်လ ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းရေး လှုပ်ရှားမှု အတွင်း အသက်မပြည့်သေးသည့် ကလေးငယ် များကို ပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည့် အတွက် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်း အရ ယခင်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ယခု နှစ် သြဂုတ်လ ၂၉ ရက်နေ့ အထိ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ က ဆောင်ရွက်မှု ပေါင်း ၇၀,၈၅၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး လူပေါင်း ၁၀၇,၁၅၆ ကိုဖမ်းဆီး ခဲ့ကာ ၃,၈၁၁ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117