Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတ်တြားရှိ မီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတ်တြားပြည်နယ် ကာရိုခရိုင်ရှိ Sinabung မီးတောင်သည် အောက်တိုဘာလ ၁၂ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးခိုးပြာများမှာ ကောင်းကင်သို့ နှစ်ကီလိုမီတာအဝေးအထိ မှုတ်ထုတ်ခဲ့ကြောင်း သဘာဝဘေး အေဂျင်စီဆိုင်ရာ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် ဂျကာတာ စံတော်ချိန် နံနက် ၂း၄၅ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။

“မီးတောင် ပေါက်ကွဲမှုကြောင့် ပျက်စီးမှု မရှိခဲ့သလို လူအများ ပြောင်းရွှေ့ရခြင်းလဲ မရှိခဲ့ပါဘူး” ဟု ဆင်ဟွာသို့ ပေးပို့သည့် စာနှင့်ပေးပို့သော သတင်း၌ ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်ကလည်း မီးတောင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ခဲ့သေးပြီး မီးခိုးပြာများက ၁.၅ ကီလိုမီတာအထိ ပျံ့လွင့်ခဲ့သည်ဟု Sutopo က ဆိုသည်။

Sinabung တောင် မီးတောင်ဝ၏ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အရှေ့ဘက် ၇ ကီလိုမီတာအတွင်း ဖြတ်သန်းသွားလာခွင့် မပြုရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်ကတည်းက လုံခြုံရေး သတိအမြင့်ဆုံး ထုတ်ပြန်ထားကြောင်း သိရသည်။

Sinabung မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင် ၁၂၉ ခုအနက် တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.