Connect with us

Asia

ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၅၈ ဦးထိမြင့်တက် ၊ ဒါဇင်ပေါင်းများစွာပျောက်ဆုံးနေ


တိုကျို ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်းမှာပင် သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံပြည်သူ့အသံလွှင့်ဌာန NHK ၏ ဖော်ပြချက်အရ စီရင်စု ၁၂ ခုတွင် သေဆုံးသူ ၁၅၈ ဦးထိ ရှိကြောင်း အတည်ပြုခဲ့ပြီး အခြား လူပေါင်း ၅၆ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဆိုသည်။

ဟီရိုရှီးမားစီရင်စုသည် မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး လူပေါင်း ၅၉ ဦးထိ သေဆုံးခဲ့ရကြောင်း ၊ အိုကာရာမာစီရင်စု(Okayama) တွင် သေဆုံးသူ ၅၄ ဦးရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ အင်အားပြင်းထန်သည့် မုန်တိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ အင်အားပြင်းထန်သည့် မုန်တိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ အင်အားပြင်းထန်သည့် မုန်တိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ အင်အားပြင်းထန်သည့် မုန်တိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်အစိုးရနှင့်ဒေသဆိုင်ရာအစိုးအဖွဲ့များသည် ပျောက်နေဆဲဖြစ်သော လူပေါင်း ၅၆ ဦးကို ရှာဖွေတွေ့ရှိရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူအများစုမှာ ဟီရိုရှီမားမှဖြစ်ကြောင်း နှင့် ယင်းစီရင်စုတွင် သေဆုံးသူအရေအတွက်ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် စီရင်စုပေါင်း ၁၅ ခုမှ လူပေါင်း ၁ဝ,ဝဝဝ ကျော်ကို ဇူလိုင် ၁ဝ ရက် မွန်းလွဲပိုင်းအချိန်ထိ ခိုလှုံရာနေရာသို့ရောက်ရှိအောင် ကယ်ဆယ်ရေး ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသများ နှင့် အရှေ့ပိုင်းဒေသများတွင် ဇူလိုင်လ ၅ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေကြောင်း ဆိုသည်။

ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းအထိ စီရင်စုပေါင်း ၁၂ ခုမှ နေအိမ်ပေါင်း ၃ဝဝ,ဝဝဝ နီးပါးသည် ရေပြတ်တောက်လျက်ရှိနေဆဲဖြစ်ကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

မစ်ဆူဘီရှီမော်တော်ကားကုမ္ပဏီ နှင့် တိုယိုတာမော်တော်ကားကုမ္ပဏီ တို့အပါအဝင် သဘာဝဘေးဒဏ်သင့်ခဲ့သော ဒေသအတွင်းရှိ အဓိကစီးပွားရေးလုပ်ငန်းကုမ္ပဏီအချို့သည် ၎င်းတို့၏ အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းအတွက် ထုတ်လုပ်မှုများရပ်ဆိုင်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.