Connect with us

Asia

ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွီနို လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာ

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီနို အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကြီး လက်ဝှေ့သမား မန်နီ ပက်ကွီနိုသည် ကမ္ဘာ့လက်ဝှေ့ အဖွဲ့အစည်း (WBO) ၏ အလယ်အလတ်ဝိတ်တန်း ချန်ပီယံ Jessie Vargas နှင့် နိုဝင်ဘာလ၌ ထိုးသတ်ရန်အတွက် လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း သြဂုတ်လ ၁၀ရက် တွင်ပြောခဲ့သည်။

အသက် ၃၇နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီနိုသည် ဝိတ်တန်း ၈ခု တွင် ကမ္ဘာ့ချန်ပီယံဆုများကို ရယူနိုင်ခဲ့ကြောင်း သိရသည်။
ပက်ကွီနို က “WBO အလယ်အလတ်ဝိတ်တန်း ချန်ပီယံ Jessie Vargas နဲ့ နိုဝင်ဘာ၅ ရက်မှာ ထိုးသတ်ဖို့ကို သဘောတူလိုက်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
၎င်းက “လက်ဝှေ့ထိုးတာဟာ ကျွန်တော့်ရဲ့ စွဲလမ်းမှု တစ်ခု ဖြစ်ပြီးတော့ အားကစားရုံထဲမှာ လေ့ကျင့်ခဲ့တာတွေ၊ ကြိုးဝိုင်းထဲမှာ ကစားခဲ့တာတွေကို အမြဲသတိရနေပါတယ်”ဟု ပြောကြားခဲ့သည်။
ပက်ကွီနိုသည် အမေရိကန် လက်ဝှေ့သမား တီမိုသီ ဘရပ်တလေ အား ဧပြီလတွင် ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိပြီးနောက် ၎င်း၏ နိုင်ငံရေးလမ်းကြောင်းကို ပိုမို အားစိုက်လုပ်ဆောင်နိုင်ရန် လက်ဝှေ့လောကမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.