Connect with us

Asia

ထိုင်းနိုင်ငံတွင် ဖုန်းဆင်းကတ် ခြေရာခံစနစ်ဖြင့် အကြမ်းဖက်မှု ကာကွယ်ရေးအစီအစဉ်ဆောင်ရွက်မည်

ထိုင်းနိုင်ငံ၌ အသုံပြုလျက် ရှိသော မိုဘိုင်းဖုန်းဆင်းကပ်များအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီသည် ပြည်တွင်းလာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသား ခရီးသွားများအသုံးပြုသည့် ဖုန်းဆင်းကတ်များကို ခြေရာခံ ထောက်လှမ်း၍ အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေး စဉ်းမျဉ်းတစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း ထိုင်းအာဏာပိုင်များက သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ အဲဒီ စည်းမျဉ်းသစ်က နိုင်ငံခြားခရီးသွားတွေအတွက် သက်သက်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံသား မဟုတ်တဲ့ လူအားလုံးနဲ့သက်ဆိုင်ပါတယ်။ သူတို့ဟာ ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေမှာ ဆင်းကတ်တွေကို လျှောက်ထားရပါမယ် ” ဟု ထိုင်းနိုင်ငံအမျိုးသားရုပ်သံ နှင့် သတင်း ဆက်သွယ်ရေး(NBTC) အတွင်းရေးမှူးချုပ် Takorn Tantasith က သြဂုတ် ၉ ရက်တွင် ပြောကြားသည်။
အဆိုပါက စည်းမျဉ်းသစ်ကို NBTC က ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် အဆိုတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပါရာယွတ် ချန်အိုချာက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သော နှစ်က ထိုင်းနိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးသည် ၎င်းတို့၏ နာမည် ၊ မှတ်ပုံတင် ၊ ဖုန်းနံပတ် နှင့် အခြားအချက်အလက်အပြည့်အစုံကို ဆက်သွယ်ရေးကုမ္ပဏီများထံ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင် ခဲ့ရကြောင်း သိရသည်။
“ အဲဒီအစီအစဉ်မှာ ဖုန်းနဲ့Wi-Fi ချိတ်ဆက် အသုံးပြုတာကအစ မှတ်ပုံတင်လုပ်ဖို့လိုပါတယ်။ မှတ်ပုံတင် မလုပ်ထားတဲ့လူတွေဆိုရင် အသံမက်ဆေချ့်တွေ ၊ အင်တာနက်အသုံးပြုတာတွေ ၊ ဆေးရုံနဲ့ရဲဌာနကို ဖုန်းခေါ်တာတွေ လုပ်လို့ရမှာမဟုတ်ပါဘူး” ဟု Takorn က ပြောသည်။
အမျိုးသားအကျိုးစီးပွားကာကွယ်ရေး နှင့် ပြည်တွင်းလုံခြုံရေးအတွက် ဥရောပနိုင်ငံများ ၊ သြစတြေးလျ ၊ ဂျပန် ၊ မလေးရှား နှင့် စင်ကာပူနိုင်ငံ စသည့် နိုင်ငံများတွင်လည်း ၎င်းစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း Takorn က ဆက်ပြောသည်။ ၂ဝ၁၅ ခုနှစ် နှောင်းပိုင်းတွင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုခံရနိုင်ကြောင်း ထိုင်းအစိုးရအာဏာပိုင်များအား နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီများက သတိပေးမှု ရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ အင်တာပိုရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး Apichart Suribunya က “ အဲဒီလို သတိပေးမှုတွေကို ကြိမ်ဖန်များစွာ ရခဲ့ဖူးပါတယ်” ဟုဆိုသည်။(Xinhua)