Connect with us

Asia

ဗီယက်နမ် တွင် ဘတ်စ်ကား နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ၍ ၇ ဦးသေ

၂၀၁၃ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဗီယက်နမ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့် Lam Dong ပြည်နယ် Da Lat မြို့ ရှိ တောင်ကြားလမ်း တစ်ခုတွင် ဇွန်လ ၁၉ ရက်က ဘတ်စ်ကား နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ၍ အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ခရီးသည် ၄၀ ကျော် တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် Da Lat မြို့ ရှိ Prenn တောင်ကြားလမ်း အား ဖြတ်သန်းစဉ် ဘရိတ်ပေါက်ကာ လမ်းအလုပ်သမား တစ်ဦး နှင့် ဆန့်ကျင်ဖက် ကားလမ်းမှ ကမ္ဘာလှည့်ခရီးသည် ၂၀ ဦး ဝန်းကျင် လိုက်ပါလာသည့် ဘတ်စ်ကား တစ်စီး နှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း Lam Dong ပြည်နယ် ၏ အွန်လိုင်း သတင်းစာ တစ်ခု၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ ကားတိုက်မှု သည် ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀း၃၀နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားတိုက်မှုကြောင့် လမ်းလုပ်သား တစ်ဦး နှင့် ကမ္ဘာလှည့်ခရီးသည် ၆ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ ပြီး ဒဏ်ရာရရှိသူ အခြား ခရီးသွားများအား Da Lat မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ (Xinhua)