Connect with us

Asia

ဖိလစ်ပိုင် တောင်ပိုင်းတွင် ပြင်းအား ၅.၄ ရှိသော ငလျင် လှုပ်ခတ်

ငလျင်တိုင်းတာမှု ကြိမ်နှုန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါဗာအိုစီးတီး၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ နေရာအတော်များများ၌ ပြင်းအား ၅.၄ အင်အားရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ ငလျင်မှာ ပြင်းအား အသင့်အတင့်ရှိပြီး ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီအချိန်၌ Mindanao ပြည်နယ် Sarangani စီရင်စုရှိ Malapatan မြို့နယ်၏ အရှေ့တောင်ဘက် ၂၂ ကီလိုမီတာအကွာတွင် မြေအောက် အနက် ၃၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် သင်တန်းကျောင်း Phivolcs က ပြောကြားခဲ့သည်။

အဆင့် ၅ ရှိသော ငလျင်ပြင်းအားကို Digos ခရိုင်က လူဦးရေ ၁၅၀,၀၀၀ ခန့်ရှိသော Davao del Sur မြို့၌ ခံစားခဲ့ရပြီး Davao မြို့တော်၌ ငလျင်ပြင်းအား အဆင့် ၃ အား ခံစားခဲ့ရကြောင်း သိရသည်။

ပြည်နယ်ဆိုင်ရာ ငလျင် ဗျူရို၏ ပြောကြားချက်အရ လတ်တလော ပျက်စီးမှု မရှိသေးကြောင်း မျှော်လင့်ရသော်လည်း နောက်ဆက်တွဲ ငလျင်များ ဆက်လက် လှုပ်ခတ်နို်င်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် တိုက်ကြီးများဆိုင်ရာ မြေထုတည်ရှိရာ ပစိဖိတ်အဝန်းဒေသပေါ်တွင် တည်ရှိသောကြောင့် ငလျင်များနှင့် မီးတောင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.