Connect with us

Media

ပါကစ္စတန်နိုင်ငံ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးသတ်ရလဒ်များအား ကြေညာ

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်(ECP)က ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးသတ်ရလဒ်များကို ကြေညာခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏ အောက်လွှတ်တော်သို့မဟုတ် အမျိုးသားလွှတ်တော်အတွက် ကြေညာခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များအရ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက အမတ်နေရာ ၁၀၁ နေရာ ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ၏ Pakistan Muslim League-Nawaz (PML-N) က အမတ်နေရာ ၇၅ နေရာ ရရှိကာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Bilawal Bhutto Zardari ၏ Pakistan Peoples Party Parliamentarians က ၅၄ နေရာ ရရှိခဲ့ကြောင်း သိရသည်။

လာမည့်ငါးနှစ်သက်တမ်းအတွက် အစိုးရတစ်ရပ်အား ရွေးကောက်တင်မြှောက်ရန် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲပြီးနောက် အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၂၆၆ နေရာအနက် ၂၆၂ နေရာ၏ ရလဒ်များအား ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်(ECP)က ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
ECP announces final results of Pakistan’s General Election 2024
The Election Commission of Pakistan (ECP) on Sunday announced the complete results of the country’s General Election 2024 held on Feb. 8.
According to the election results announced for the National Assembly (NA), or the lower house of the country’s parliament, independent candidates got 101 seats, the Pakistan Muslim League-Nawaz (PML-N) of former prime minister Nawaz Sharif got 75 seats and the Pakistan Peoples Party Parliamentarians of former foreign minister Bilawal Bhutto Zardari got 54 seats.
The ECP announced the result of 262 out of 266 seats for the NA after the country held general elections on Feb. 8 to elect a government for the next five-year term.
Xinhua News Agency correspondents reporting from Islamabad.(XHTV)