Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် လှေ နစ်မြုပ်မှုကြောင့် ကျေးရွာ လုံခြုံရေး အမျိုးသမီး ငါးဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်၌ လှေ တစ်စီး နစ်မြုပ်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒါကာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဥပဒေဝန်ထမ်း အများစုပါဝင်သည့် လူအုပ်စုအား တင်ဆောင်လာသော လှေတစ်စီးသည် မေလ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့ရာ အနည်းဆုံး ကျေးရွာ လုံခြုံရေး အမျိုးသမီး ငါးဦး သေဆုံးခဲ့ ကြောင်း မီးသတ် တပ်ဖွဲ့ဝင် အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ လူများ မတန်တဆ တင်ဆောင်လာသည့် လှေသည် ဒါကာမြို့၏ အရှေ့မြောက် ၁၁၇ ကီလိုမီတာခန့် အကွာ Kishoreganj ခရိုင်ရှိ Ghorautra မြစ်အတွင်း၌ မေလ ၂၉ ရက် အစောပိုင်းက နစ်မြုပ်သွားခဲ့ခြင်း ဖြစ် ကြောင်း အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။
လှေနစ်မြုပ်ပြီးနောက် ခရီးသည် အများစုမှာ ရေကူးပြီး လွတ်မြောက်သွားခဲ့ကြောင်းနှင့် သေဆုံးသူ အမျိုးသမီး များ၏ ခန္ဓာကိုယ်များအား ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မျက်မြင်သက်သေများ အဆိုအရ လှေပေါ်၌ လူများ မတန်တဆ တင်ခြင်းနှင့် ရာသီဥတု ဆိုးရွားမှုများကြောင့် လှေ နစ်မြုပ်ရခြင်း ဖြစ်ကြောင်း ၎င်း အရာရှိက ပြော သည်။
ထို့ပြင် လူအချို့မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
နစ်မြုပ်သွားသည့် လှေအား ကယ်ဆယ်ရေးသမားများက ဆယ်တင်ရန် ကြိုးစားသော်လည်း မအောင်မြင်သေး ကြောင်းနှင့် ဒေသခံများအား အကူအညီခေါ်ယူထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.