Connect with us

Asia

ဘင်္ဂလားဒေ့ရှ် ၌ ငွေတုပြုလုပ်သူ အာဖရိက အမျိုးသား ၉ ဦးအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိထားသော ငွေတုများအား ပြသနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါကာ ၊သြဂုတ် ၈ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှုခင်းတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့(RAB) သည် နိုင်ငံတွင်း၌ငွေတုပြုလုပ်မှုဖြင့် နိုင်ငံခြားသား ၉ ဦး နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးတစ်ဦးအားဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

RAB တပ်ဖွဲ့မှအမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ၎င်းတို့အား ငွေတုအမြောက်အမြား အပါအဝင် ၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ နှင့်အတူ ဒါကာမြို့ရှိ Bashundhara လူနေတိုက်ခန်း၌ သြဂုတ် ၇ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ၎င်းအရာရှိက ဖမ်းဆီးရမိသူများအနက် အမျိုးသမီး နှစ်ဦးပါဝင်ပြီး ၊ တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသူဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.