Connect with us

Asia

မွန်ဘိုင်း၌ အဆောက်အအုံပြိုကျ ရာ နှစ်ဦးသေဆုံး

မွန်ဘိုင်းမြို့၌ ပြိုကျသွားသည့် အဆောက်အအုံပျက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့၌ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက နှစ်ထပ် အဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အအုံပြိုကျမှုသည် မွန်ဘိုင်းမြို့ပြင်ရှိ Bhiwandi မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ အဆောက်အအုံပျက်ကြားမှာ လူသေ အလောင်း ၂ လောင်းကို ဆွဲထုတ်လို့ရခဲ့တယ်။ မိသားစုဝင် ၆ ဦးကတော့ ပြိုကျသွားတဲ့ အဆောက်အအုံပုံကြားမှာ ပိတ်မိနေတုန်းပဲ။ အဲဒီအဆောက်အအုံမှာနေကြတဲ့ အခြားမိသားစု နှစ်ခု ကတော့ မရှိတော့ဘူး ” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။
အိန္ဒိယပြည်တွင်းရုပ်သံသတင်းဌာနများက ပြိုကျသွားသည့် အဆောက်အအုံပျက်အား ရှင်းလင်းနေသည့် ကယ်ဆယ်ရေးလုပ်သားများ နှင့် မီးသတ်သမားများ၏လှုပ်ရှားမှု ပုံရိပ်များကို ထုတ်လွှင့်ပြသခဲ့သည်။
၎င်းမြို့ရှိ အချို့ အဆောက်အအုံများတွင် လူနေထိုင်ခြင်းမပြုရန် သတိပေးမှုများပြုလုပ်ထားကြောင်း နှင့် ကန့်သတ်ချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူမှုမျာပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။
ယခုဖြစ်စဉ်သည် မွန်ဘိုင်း၌ ဒုတိယအကြိမ်ဖြစ်ပွားခဲ့သည့် အဆောက်အအုံပြိုကျမှုဖြစ်သည်။ယခင်လက JB Nagar မြို့၌ ဖြစ်ပွားခဲ့သော သုံးထပ်အဆောက်အအုံပြိုကျမှုတွင် လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် အဆောက်အအုံပြိုကျမှုများ သည် အဓိကပြဿနာတစ်ခုဖြစ်နေသည်။ အကြောင်းမှာ လူလတ်တန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာများတည်ဆောက်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.