Connect with us

Asia

မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ်

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီဝင် နှင့် ဒုတိယဝန်ကြီးချုပ် ဝမ့်ယန် (ယာ) နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇာတ် တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ကွန်တန် ၊ မလေးရှား ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု တွန်းအားပေးမှုတစ်ခုအဖြစ် တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော ဧရာမရထားလမ်းပိုင်း တည်ဆောက်မှုစီမံကိန်းကို (မလေးရှားနိုင်ငံ ကွန်တန်မြို့(Kuantan)၌) သြဂုတ်လ ၉ ရက်တွင် တရားဝင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရှေ့ဖက်ကမ်းရိုးတန်းတွင် ပြည်သူ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန်အတွက် အရှည် ၆၈၈ ကီလိုမီတာရှိသော အရှေ့ဖက်ကမ်းရိုးတန်း ရထားလမ်းပိုင်း ( ECRL) ကို မလေးရှားရင်းဂစ်ငွေ ၅၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၂.၈၃ ဘီလီယံ) အကုန်အကျခံ၍ ရထားလမ်းပိုင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအုတ်မြစ်ချအခမ်းအနားတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ထည့်သွင်းပြောကြားခဲ့သည်။

ECRL သည် အရှေ့ဖက်ကမ်းရိုးတန်းတွင် ပထမဆုံး တည်ဆောက်သည့် အဓိကအသက်သွေးကြော ရထားလမ်းပိုင်းဖြစ်သည်။ ၎င်းရထားလမ်းသည် အနောက်ဘက်ကမ်းရိုးတန်းကိုလည်း ဆက်သွယ်ပေးထားပြီး “ ကားလမ်းများ နှင့် အဝေးပြေးလမ်းများကို ချိတ်ဆက်ပေးမည့် ကွန်ရက်တစ်ခုဖြစ်သလို အလွန်တရာဆိုးဝါးပြီး မညီမမျှဖြစ်နေသည့် ရထားလမ်းပိုင်းငယ်များကိုလည်း ချိတ်ဆက်ပေးမည်” ဖြစ်ကြောင်း သိရသည်။

ရထားလမ်းပိုင်းပြ ပုံတူ မြေပုံငယ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရထားလမ်းပိုင်းပြ ပုံတူ မြေပုံငယ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါရထားလမ်းပိုင်း စီမံကိန်းသည် မလေးရှားနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသို့အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့ပြီး ကွာလာလမ်ပူမြို့တော်ရှိ ဂွမ်းဘက်(Gombak) နှင့် နိုင်ငံအရှေ့မြောက်ပိုင်း ကလန်တန်ပြည်နယ် ကိုတာဘာရူးမြို့အကြား ခရီးအကွာအဝေးကြာမြင့်ချိန်ကို ၇ နာရီမှ ၄ နာရီအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းရထားလမ်းပိုင်းကို တရုတ်နိုင်ငံ ဆက်သွယ်ရေး တည်ဆောက်မှုကုမ္ပဏီ (China Communications Construction Company Ltd ) က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း နှင့် ၎င်းကုမ္ပဏီသည် မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ပီနန်မြို့၏ အထင်ကရအမှတ်အသားဖြစ်သော ပီနန်တံတားကြီးကို တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီအုပ်စုဝင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းပိုင်း အုတ်မြစ်ချ အခမ်းအနားသို့တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် နှင့် ဒုတိယဝန်ကြီးချုပ် ဝမ့်ယန်(Wang Yong) လည်းတက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ ဝမ့်ယန်းက မိန့်ခွန်းပြောကြားရာတွင် ရထားလမ်းပိုင်းစီမံကိန်းသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု နှင့်အကျိုးရလဒ်များစွာကို ကူညီပေးမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အခြား အထင်ကရအမှတ်အသားတစ်ခုဖြစ်လာမည့် ရထားလမ်းပိုင်းတည်ဆောက်ရေးအတွက် မလေးရှားနိုင်ငံနှင့် အနီးကပ်လက်တွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် မလေးရှားပြည်သူများအနေဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး အကျိုးတရားများကို ခံစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.