Connect with us

Asia

အမေရိကန် စစ်တပ်မှ အာဖဂန်နစ္စတန် စစ်ဘက် စစ်ဆေးရေး ဂိတ်ကို မှားယွင်း ဗုံးကျဲမိသဖြင့် ၈ ဦးသေဆုံး

အာဖဂန်နစ္စတန်ရှိ ဒေသတွင်း လုံခြုံရေး တပ်ဖွဲ့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အာဖဂန် အရှေ့ပိုင်း လိုကာ ပြည်နယ် ရှိ စစ်ဘက် စစ်ဆေးရေး ဂိတ်သည် ဇူလိုင်လ ၂၀ ရက်နေ့က အမေရိကန် ရဟတ်ယာဉ်၏ မှားယွင်း ဗုံးကျဲ တိုက်ခိုက်မှု ခံခဲ့ရကာ စစ်သည် ၈ ဦးသေဆုံး ခဲ့ရကြောင်း အာဖဂန်နစ္စတန် နိုင်ငံ စစ်ဘက် အရာရှိမှ ပြောကြား ခဲ့သည်။

အမည် မဖော်လိုသူ တစ်ဦးမှ ဆင်ဟွာ သတင်းဌာန အင်တာဗျူး ဖြေကြား ခဲ့ရာတွင် ယနေ့ မနက်ပိုင်းတွင် အမေရိကန် ရဟတ်ယာဉ် များသည် ထိုစစ်ဘက် စစ်ဆေးရေး ဂိတ်ကို ဗုံးကျဲ တိုက်ခိုက် ခဲ့ကြကြောင်း ၊ အနည်းဆုံး စစ်သည် ၈ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယခု တိုက်ခိုက်မှုသည် မှားယွင်း တိုက်ခိုက်မှု ဖြစ်ပြီး ၎င်း စစ်ဆေးရေးဂိတ်သည် အမေရိကန်၏ တိုက်ခိုက်ရေး ပစ်မှတ် မဟုတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့် ရှိသူမှ ယခု ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု သည် မှားယွင်း တိုက်ခိုက်မှု ဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း နှင့် စစ်ဘက်ဆိုင်ရာ မှ ယခု ကိစ္စ နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံ မဟာမိတ် အဖွဲ့သည် ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် အာဖဂန် နစ္စတန် နိုင်ငံ စစ်ဆင်ရေး တရားဝင် ပြီးဆုံး ခဲ့ပြီး လက်ရှိချိန်တွင် စစ်သည် ၁၃,၀၀၀ ထားရှိပြီး ဒေသတွင်း လုံခြုံရေး တပ်ဖွဲ့အား လေ့ကျင့်ရေး နှင့် ညွှန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117