Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က အမေရိကန် နိုင်ငံ အား လက်ဦးမှုယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သတိပေး

မြောက်ကိုရီးယား နိုင်ငံ ၏ တာဝေးပစ် ဒုံးကျည် လက်နက်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က လက်ရှိချိန်တွင် ကိုရီးယား ကျွန်းဆွယ် တွင် ဖြစ်တည်နေသည့် အခြေအနေ သည် မြောက်ကိုရီးယား နိုင်ငံ မှ လက်ဦးမှုယူ တိုက်ခိုက်ခြင်း အား မဖြစ်မနေ ရွေးချယ်ရမည့် အခြေအနေ ဖြစ်တည်နေပြီး ကျူးကျော်တိုက်ခိုက်မှု ဆိုင်ရာ စခန်း များကို ရှင်းလင်းခြင်းဖြင့် တိုင်းရင်းသား မျိုးနွယ် ပြန်လည် ပေါင်းစည်းရေး ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန မှ ဧပြီလ ၆ ရက်နေ့က မြောက်ကိုရီးယား နိုင်ငံခြားရေး ဌာန ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ ရေးသား ခဲ့သည့် သတင်းတွင် အမေရိကန် နိုင်ငံ ၏ ရန်သူဆက်ဆံရေး မူဝါဒ နှင့် တိုက်ပွဲဆောင်ရွက်လိုသည့် အပြုအမူများကြောင့် မြောက်ကိုရီးယား နိုင်ငံ မှ မိမိကိုယ်ကိုယ် ကာကွယ်သည့် ရွေးချယ်မှု အဖြစ် ကျူးကျော်တိုက်ခိုက်မှု ဆိုင်ရာ စခန်းများကို အားလုံးရှင်းလင်းကာ တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ ၏ ၂၀၀၃ ခုနှစ် မှ စတင်၍ ဆောင်ရွက်ခဲ့သော စစ်ကြေညာ ရာရောက်သည့် အပြုအမူများ ၊ အမေရိကန် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံ အပေါ် ခြိမ်းခြောက်မှု များသည့် ရန်သူမူဝါဒ အဆင့်မှ ဘက်စုံ တိုက်ပွဲ အခြေအနေ အထိ ရောက်ရှိလာခဲ့ပြီး ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ အဆက်မပြတ် ဆောင်ရွက်ခဲ့သည့် ရန်စမှု များကြောင့် လက်ဦးမှုယူ တိုက်ခိုက် ရသည့် တရားဝင် အခွင့်အရေး အပြည့်အဝ ရှိကြောင်း ၊ နိုင်ငံတကာ ဥပဒေ များအရ အပစ်အခက် ရပ်စဲရေး စာချုပ်ချုပ်ဆိုထားသည့် နှစ်ဘက် အနေဖြင့် တစ်ဘက်မှ သဘောတူညီမှု ကို ချိုးဖောက်ပါက ကျန်တစ်ဘက် အနေဖြင့် သဘောတူညီမှု ကို ပယ်ဖျက်နိုင်ခွင့်ရှိသည့်အပြင် အရေးပေါ် အခြေအနေတွင် တိုက်ပွဲ ချက်ချင်း ဆောင်ရွက်နိုင်ကြောင်း ပါဝင် ခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် တွင် တိုက်ပွဲ ဖြစ်ပွား ပါက တာဝန် အားလုံးကို အမေရိကန် နိုင်ငံ က ခံယူရမည် ဖြစ်ပြီး မည်သူမှ စတင် တိုက်ခိုက်ခြင်း နှင့် မသက်ဆိုင်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ စတင် တိုက်ခိုက်ပါက အမေရိကန် နှင့် နောက်လိုက်အင်အား တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ် များကို တိကျစွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ လက်ရှိ ကြုံတွေ့ နေရသည့် အခြေအနေ များကြောင့် ဆောင်ရွက်ရသည့် ကာကွယ်ရေး ဆိုင်ရာ ရွေးချယ်မှု ကို လေးစားပေးရန် လိုကြောင်း ကိုလည်း ထုတ်ပြန်ချက်တွင် အထူးပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.