Connect with us

Asia

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် အယ်ကိုင်ဒါစစ်သွေးကြွတစ်ဦးအား ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က မြို့တော်နယူးဒေလီတွင် အယ်ကိုင်ဒါစစ်သွေးကြွအဖြစ် သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

ဒေလီအထူးရဲတပ်ဖွဲ့သည် Shumon Haque (၂၈နှစ်) အမည်ရှိ စစ်သွေးကြွတစ်ဦးအား ဒေလီမြို့အရှေ့ဘက် Shakapurမြို့ ရှိ ကားဂိတ်တစ်ခုအနီးတွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးရဲတပ်ဖွဲ့၏ ဒုတိယရဲမှူး Pramod Kushwaha က Shumon Haque သည် လွန်ခဲ့သော လေးနှစ်ကတည်းက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် ဆက်သွယ်မှုများရှိခဲ့ကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

အခြားတာဝန်ရှိသူတစ်ဦးက Shumon Haqueအား စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းတွင် တရားရုံးသို့ ရုံးထုတ်လာပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ အယ်ကိုင်ဒါစစ်သွေးကြွအား ဖမ်းဆီးရမိမှုသည် ဒေလီရဲတပ်ဖွဲ့၏ လွန်ခဲ့သည့် တစ်လအတွင်း သုံးကြိမ်မြောက် ဖမ်းဆီးနိုင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.