Connect with us

Asia

တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပျောက်ဆုံးနေ

တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့တော်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီယားနိုင်ငံ ဆိုးလ် မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-Soon) သည် ထွက်ခွာသွားချင်ကြောင်းပြောကြားခဲ့ပြီးနောက် ယနေ့ (ဇူလိုင် ၉ ရက်) တွင် ပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အား ကိုးကား၍ ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

“အဖေက ထွက်သွားချင်တယ်လို့ပြောပြီး လေး ငါးနာရီလောက်အကြာမှာ အိမ်ကထွက်သွားတယ်။ သူ့ဖုန်းလည်း ပိတ်ထားတယ်” ဟု ပတ်၏သမီးက ရဲတပ်ဖွဲ့ထံ ဒေသစံတော်ချိန် ၅:၁၇ နာရီ၌ လူပျောက်တိုင်ကြားခဲ့သည်။ 

လူပျောက်သတင်းရရှိပြီး သုံးနာရီခန့်ကြာအထိ မြို့တော်ဝန်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့က ဒရုန်းများ၊ ရဲခွေးများဖြင့် မြို့တော်ဝန်အား လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ပတ်သည် ဦးထုပ်အနက်ရောင်၊ ကျောပိုးအိတ် အနက်ရောင်ဖြင့် ဆိုးလ်မြို့လယ်ရှိ ၎င်း၏နေအိမ်မှ ဒေသစံတော်ချိန် နံနက် ၁၀:၄၄ နာရီ ခန့်က ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

၎င်း၏ မိုဘိုင်းဖုန်းလိုင်း အချက်ပြမှုအား ဆိုးလ်မြို့ အရှေ့မြောက်ဘက် ဘုရားကျောင်းတစ်ကျောင်းအနီးတွင် နောက်ဆုံးဖမ်းယူရမိခဲ့ကြောင်း သိရသည်။ (Xinhua)