Connect with us

Asia

နယူးဇီလန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ဆက်လက် တည်ရှိ

နယူးဇီလန်နိုင်ငံတွင်း မုန်တိုင်းကြောင့်ရေကြီးမှုဖြစ်ပေါ်နေမှုအားတွေ့ရစဉ်(အင်တာနက်)

ဝယ်လင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အနောက်ဘက်ကမ်းခြေအတွင်း ပြင်းထန်သည့်ရာသီဥတုကြောင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီးနောက် မတ် ၂၈ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာမှု တတိယမြောက်နေ့ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မုန်တိုင်းသည် မြောက်ဘက်ကျွန်းဆီသို့ ဦးတည်ရွေ့လျားခဲ့၍ ဒေသခံအာဏာပိုင်များက မတ် ၂၈ ရက် ညပိုင်းတွင် အရေးပေါ်အခြေအနေ ရုပ်သိမ်းနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့ရာတွင် ၎င်းအတွက် သေချာအာမခံမှု လုံးဝမရှိပေ။Hokitikaမြို့၏ မြောက်ဘက်၌ Arahura တောင်ကြား၌ ရေလွှမ်းမိုးမှုအတွင်း အသက်ကြီးအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို မတ် ၂၇ ရက် မနက်ပိုင်းတွင် ပြန်လည်တွေ့ရှိကြောင်း နယူးဇီလန်နိုင်ငံ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ပြည်ထောင်စုလမ်းမ အမှတ်(၆) အပေါ်တွင် Franz Josef မြို့အနီး ဝေဟိုမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော တံတားတစ်စင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရပြီး အနောက်ဘက်ကျွန်းတွင် အရေးပေါ်အခြေအနေကို မတ် ၂၆ ရက်တွင် စတင်ကြေညာခဲ့သည်။အနောက်ဘက် ကမ်းခြေဒေသများအတွက် မတ်လအတွင်း အင်အားပြင်းထန်သော အနောက်မြောက်ဆီသို့ ဦးတည်သည့် ယခုမုန်တိုင်းမျိုး တိုက်ခတ်လေ့မရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117