Connect with us

Asia

အကြမ်းဖက် သမား ၃၀ ဦးကို သေဒဏ်ချမှတ်ရန် ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် လက်မှတ်ရေးထိုး

ပါကစ္စတန် နိုင်ငံ ကြည်းတပ် ကာကွယ်ရေး ဦးစီးချုပ် Bajwa အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါကစ္စတန် နိုင်ငံ ကြည်းတပ် ကာကွယ်ရေး ဦးစီးချုပ် Bajwa က အကြမ်းဖက် သမား ၃၀ ကို သေဒဏ် ချမှတ် ကာ အဆုံးစီရင်ရန် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ယခု သေဒဏ်ချမှတ် ခံရသည့် အကြမ်းဖက်သမား များသည် Peshawar စစ်သင်တန်းကျောင်း တိုက်ခိုက်မှု ၊ အရပ်သားများ နှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်သူ များကို ဖမ်းဆီး သက်ဖြတ်မှု နှင့် Swat တောင်တန်းဒေသ ရှိလေဆိပ်တစ်ခုအား တိုက်ခိုက်မှု တို့တွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အစိုးရ တပ်ဖွဲ့ အသွင် ယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်း သည် Peshawar စစ်သင်တန်းကျောင်း ကို တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၅၀ ဦး သေဆုံး ခဲ့ပြီး ပါကစ္စတန် တာလီဘန် အဖွဲ့မှ ယင်းတိုက်ခိုက်မှု ကို ပြုလုပ်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ ဤတိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက်တွင် ပါကစ္စတန် နိုင်ငံ အစိုးရ မှ အထူးစစ်ရေး တရားရုံး တည်ထောင်ခြင်းအပါအဝင် အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်မှု များကို လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အင်အား ကို တိုးမြှင့် ခဲ့သည်။ ပြီးခဲ့သည့် မတ်လပိုင်းတွင် ပါကစ္စတန် နိုင်ငံ လွှတ်တော် မှ အထူးစစ်ရေး တရားရုံး လုပ်ငန်းဆောင်ရွက်မှု အချိန်ကာလ ကို သက်တမ်း ၂ နှစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.