Connect with us

Asia

လာအိုနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှု တိုးမြင့်လာ

ဗီယက်နမ်နယ်စပ်ဂိတ် အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

လာအိုနှင့် ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၈ ခုနှစ် ၏ ပထမပိုင်း ၉ လတွင် အမေရိကန်ဒေါ်လာ ၄၃၄ သန်းရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံမှ ဗီယက်နမ် နိုင်ငံသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၂ သန်းသို့ တိုးတက်လာခဲ့ရာ ၂၀၁၇ ခုနှစ် နှင့်နှိုင်းယှဉ်ပါက ၁၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။တစ်ချိန်တည်းမှာပင် ဗီယက်နမ် နိုင်ငံမှ လာအို နိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် သည် အမေရိကန်ဒေါ်လာ ၄၃၂ သန်း ရှိခဲ့ရာ ၂၀၁၇ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း မကြာသေးခင်က ကျင်းပခဲ့သည့် လာအို-ဗီယက်နမ် ၊ဗီယက်နမ်-လာအို ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး မှ ကိန်းဂဏန်းများ ကို ကိုးကား၍ ဗီယင်ကျန်း နေ့စဉ်သတင်းစာမှ ကိုးကား၍ဖော်ပြခဲ့သည်။

လာအိုနိုင်ငံ ၏ မြို့တော် ဗီယက်ကျင်းတွင် ကျင်းပခဲ့သည့် ၎င်းအစည်းအဝေးတွင် လာအို-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ခမ်ဖီယူးကီရိုက်နလီ (Khampheuy Keokinnaly) နှင့် ဗီယက်နမ်-လာအို ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ငုယင်ဗန်ထရန် (Nguyen Van Trung) တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။

လာအိုနိုင်ငံအနေဖြင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၀၉ ခုအတွက် ခွင့်ပြုခဲ့ကြောင်း အဆိုပါအစည်းအဝေးတွင် Khampheuy ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံပြီးလျှင် ဗီယက်နမ်နိုင်ငံသည် လာအိုနိုင်ငံအတွက် တတိယ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။လာအိုနိုင်ငံတွင် ဗီယက်နမ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအများစုမှာ ရေအားလျှပ်စစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ နှင့် စက်မှုလယ်ယာ လုပ်ငန်းများ ဖြစ်သည်။

၂၀၁၈ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံ အားမတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြုခဲ့ပြီး ၎င်းကိန်းဂဏန်းသည် ၂၀၁၇ ခုနှစ်ထက် နှစ်ဆ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.