Connect with us

Asia

လူသားပိရမစ်ပွဲတော်တွင် ကလေးငယ်များပါဝင်ခြင်းမပြုရန် အိန္ဒိယတရားရုံးချုပ်တားမြစ်

အိန္ဒိယနိုင်ငံ၌ လူသားပိရမစ်ပွဲတော်ကျင်းပနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဗဟိုတရားရုံးချုပ်သည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် Janmashitami (လူသားပိရမစ်) ပွဲတော်၌ အသက် ၁၈ နှစ်အောက် ကလေးငယ်များပါဝင်ခြင်းမပြုရန် သြဂုတ်လ ၁၇ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါ လူသားပိရမစ်ပွဲတော်သည် မွန်ဘိုင်းမြို့၏ အထင်ကရ ဟိန္ဒူရိုးရာပွဲတော်တစ်ခုဖြစ်ပြီး Janmashtami ဘာသာရေးပွဲတော်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
လူသားပိရမစ်ပွဲတော်တွင် ကလေးငယ်များအား ပါဝင်ခွင့်ပြုခြင်းမှာ အန္တရာယ်ရှိသဖြင့် တရားရုံးချုပ်သည် သြဂုတ်လ ၁၇ ရက်က တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် လူးသားပိရမစ်ကို အမြင့် ပေ ၂ဝ ထက်ကျော်လွန်၍ ပြုလုပ်ခြင်းမပြုရန်လည်း တရားရုံးချုပ်က အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ Janmashtami ပွဲတော်ကို ဟိန္ဒူနတ်ဘုရား Krishna ( ခရစ်ရှနား) မွေးနေ့တွင် ကျင်းပခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လူငယ် ရာပေါင်းများစွာသည် မွန်ဘိုင်းမြို့၌ ကမ္ဘာ့ဝင်ရိုး(Dahi Handi) ထိပ်ဖျားသို့တက်လှမ်းသည့် ဟိန္ဒူရိုးရာ လူသားပိရမစ်ပွဲတော်ကို ပါဝင် ဆင်နွှဲကြကြောင်းသိရသည်။
ပိရမစ်ထိပ်ဖျားသို့ရောက်ရှိနိုင်ရန် လူတစ်ဦးပေါ်တစ်ဦးတွယ်တက်၍ ပြုလုပ်ရခြင်းဖြစ်ပြီး တစ်ခါတစ်ရံ ကလေးငယ်များကိုပါ ထိပ်ဖျားသို့တက်လှမ်းစေခြင်းမျိုးလည်း ရှိကြောင်းသိရသည်။ထို့ပြင် လူအုပ်ပြိုကျခြင်းကြောင့် ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသူများ ထိခိုက်ဒဏ်ရာရခြင်းမျိုးလည်း ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.