Connect with us

Asia

မွန်ဂိုးလီးယားအတွင်းပိုင်း၌ နံရံဆေးရေးပါ ရှေးဟောင်း ဂူသင်္ချိုင်းများ ရှာဖွေတွေ့ရှိ

မွန်ဂိုးလီးယားနိုင်ငံရှိ ဂူတွင်းပန်းချီလက်ရာတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟွတ်ဟော့ ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပိုင်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ကျော်က ရေးချယ်ခဲ့သည့် အလွန်လှပသော ရှေးဟောင်းနံရံဆေးရေး ပန်းချီများပါရှိသည့် ဂူသင်္ချိုင်း သုံးခုကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

အဆိုပါ နံရံဆေးရေးပန်းချီကားများကို မွန်ဂိုးလီးယားအတွင်းပိုင်း Ordos ဒေသ Jungar Banner ရှိ ဂူသင်္ချိုင်း နံရံများတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒရယ်ပုံ ၊ ဒဏ္ဍာရီလာဘီလူးပုံ ၊ ပန်းပွင့်ပုံနှင့် စိုက်ခင်းပုံများကို ရေးဆွဲထားကြောင်း Ordos ရှေးဟောင်းသုတေသနသိပ္ပံ နှင့် ယဉ်ကျေးမှုဌာန ခေါင်းဆောင် Yaung Zemeng က ပြောသည်။
အဆိုပါ ပန်းချီကားများတွင် အနီရောင် ၊ အဖြူရောင် နှင့် နီညိုရောင် ဆေးသားများကို အသုံးပြုထားပြီး လျှို့ဝှက်ဆန်းကျယ် ပုံရိပ်များဖြစ်ကြောင်း ၊ အဆိုပါ ရှားပါး ပန်းချီကားများသည် အခြားနေရာများ၌ ရှာဖွေတွေ့ရှိထားသော နံရံဆေးပန်းချီများနှင့် အချိန်ကာလတစ်ခုထဲတွင် ရေးဆွဲထားသော ပန်းချီလက်ရာများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းဂူသင်္ချိုင်းများသည် ၉၆ဝ ပြည့်နှစ်မှ ၁၂၇၉ ခုနှစ်အထိ အုပ်စိုးခဲ့သည့် ဆောင်မင်းဆက်(Song Dynasty) မြို့တော်မှ ၂ ကီလိုမီတာ အကွာ၌ တည်ရှိကြောင်းသိရသည်။ ဂူသင်္ချိုင်းတည်ဆောက်ပုံ နှင့် ပုံသဏ္ဍာန်များကို အကဲဖြတ်၍ ပန်းချီများ၏သက်တမ်းကို ခန့်မှန်းခြင်းဖြစ်ကြောင်း နှင့် မြောက်ပိုင်းဆောင်မင်း( ၉၆ဝ ပြည့်နှစ် မှ ၁၁၂၇ ခုနှစ်များ) ၏ ခေတ်လယ် လက်ရာများဖြစ်ကြောင်း Yang က ဆိုသည်။
အဆိုပါတွေ့ရှိမှုသည် ဆောင်မင်းဆက်ခေတ်၏ ဒေသတွင်းသမိုင်းဝင် အသုံးအဆောင်များ၊ ယဉ်ကျေးမှု ၊ အနုပညာ နှင့် သြင်္ဂိုလ်သည့်ဓလေ့ထုံးစံများကိုပါ လေ့လာခွင့်ရနိုင်ကြောင်း Yang က ဖြည့်စွက်ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.