Connect with us

Asia

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က မြောက်-တောင် ကိုရီးယား နှစ်နိုင်ငံ မှ ဆွေးနွေးမှုများ တက်ကြွစွာ ဆောင်ရွက်ခြင်း အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာ

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျံအမ်း နှင့် တောင်ကိုရီးယား နိုင်ငံ အထူးကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ်လ ၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က မတ်လ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ တို့မှ ဆွေးနွေးမှုများ တက်ကြွစွာ ဆောင်ရွက်ခြင်း အပေါ် ကြိုဆိုကြောင်း နှင့် ကုလသမဂ္ဂ အနေဖြင့် ယင်းဆောင်ရွက်မှု ကို ဆက်လက် ထောက်ခံပေးသွားမည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူ က တောင်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် မတ်လ ၅ ရက်နေ့ တွင် ပြုံယမ်း သို့ သွားရောက်လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် နှင့် ကင်ဂျုံအမ်း နှင့် ညစာစားပွဲ အတူတကွ ပြုလုပ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ယခုနှစ် ဧပြီလပိုင်း တွင် ထိပ်သီး အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကိစ္စရပ်များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် ယခု ကဲ့သို့သော အောင်မြင်မှုများ ရရှိခဲ့ခြင်း အပေါ် လွန်စွာ ဝမ်းမြောက် ပြီး အထူးသဖြင့် ထိပ်သီး အစည်းအဝေး ကျင်းပ ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်း အပေါ် လွန်စွာ ဝမ်းမြောက်ကြောင်း ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် စစ်ရေး တင်းမာမှု အခြေအနေ ကို ပိုမို လျော့ကျစေလိုပြီး သက်ဆိုင်ရာ အသီးသီး နှင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ဆွေးနွေးမှုများပြုလုပ်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ နိုင်ငံအသီးသီး အနေဖြင့် လက်ရှိရရှိလာသော အခြေအနေ ကို ထိန်းသိမ်းသွားပြီး အခွင့်အရေးအားလုံး ကို ဆုတ်ကိုင်ကာ ငြိမ်းချမ်းရေး ရရှိနိုင်မည့် နည်းလမ်း ကို ရှာဖွေ သွားရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကိုရီးယား ကျွန်းဆွယ် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အတွက် ခြေလှမ်း တစ်ခု ဖြစ်ပြီး နျူကလီးယား ကင်းစင်ရေး အတွက်လည်း ကောင်းမွန်သည့် အခြေခံ ဖြစ်တည်စေခဲ့ကြောင်း ပါဝင် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း က မတ်လ ၅ ရက်နေ့၌ တောင်ကိုရီးယား နိုင်ငံ အထူးကိုယ်စားလှယ် အဖွဲ့ မှ ပေးပို့ခဲ့သည့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ၏ နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး ကျင်းပရေး နှင့် ပတ်သက်သည့် အကြံပြုချက် အား ကြည့်ရှုပြီး နောက်တွင် သဘောထား အမြင်များ ဖလှယ် ခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)