Connect with us

Asia

သီရိလင်္ကာ လွှတ်တော်အတွက် ပစ္စည်းကိရိယာများ တရုတ် လှူဒါန်း

သီရိလင်္ကာ လွှတ်တော် အတွင်းပိုင်းနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ဆက်ဆံရေး ပိုမို ခိုင်မြဲစေရန် သီရိလင်္ကာနိုင်ငံ လွှတ်တော်သို့ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃,၀၀၀ ရှိသော ပစ္စည်းကိရိယာများ တရုတ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်တွင် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yi Xianliang ထံမှ သီရိလင်္ကာ လွှတ်တော် ဥက္ကဋ္ဌ Karu Jayasuriya က လက်ခံ လွှဲပြောင်းယူခဲ့ပြီး တရုတ်၏ ထောက်ပံ့မှု အစီအစဉ်များဖြင့် သီရိလင်္ကာ လွှတ်တော် အဖွဲ့ဝင် ၁၀၀ ဦးကျော် တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်ရန်ရှိကြောင်း သိရသည်။

ထို့ပြင် သဘာဝဘေး စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် သီရိလင်္ကာ လွှတ်တော်အမတ် ၁၅ ဦးက လာမည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

“ကျွန်တော် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်းလာစေဖို့ မျှော်လင့်ပါတယ်” Jayasuriya က ပြောခဲ့သည်။

ယင်းနောက် တရုတ် သံအမတ်ကြီးကလည်း သီရိလင်္ကာ လွှတ်တော်အဖွဲ့ဝင်များအား တရုတ်သို့ လာရောက်လည်ပတ်ခြင်းကို ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေးအတွက် မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

တရုတ် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း သီရိလင်္ကာတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံပိုင် နိုင်ငံရပ်ခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တရုတ် အမျိုးသား ကော်ပိုရေးရှင်း ပေးအပ်ခဲ့သည့် ထောက်ပံံမှု ပစ္စည်းများ၌ ရုံး အသုံးအဆောင်ပစ္စည်းများနှင့် Laptop များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.