Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မီးရှူးမီးပန်းစက်ရုံ မီးလောင်၊ လူ ၃၂ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံရှိ မီးလောင်ကျွမ်းခဲ့သည့် စက်ရုံနှင့် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီး Tanggerang မြို့ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ရုံတွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၃၂ ဦးသေဆုံးပြီး အခြားသူ ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်သမား တစ်ဦးက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့သည့် မီးသတ်သမား ဟန်နာဖီက တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောကြားခဲ့ရာတွင် သေဆုံးသူ အရေအတွက်မှာ ၃၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း နာရီများစွာ ကြာပြီးနောက် နောက်ထပ် အလုပ်သမား နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဂျကာတာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ကယ်ဆယ်ရေးသမား ဒိုနီ ပရာတာမာက ဆိုသည်။

“စက်ရုံ တစ်ခုလုံးက မီးလောင်ကျွမ်းသွားပြီ ဖြစ်ပါတယ်။ အခြား သေဆုံး၊ ဒဏ်ရာရသူတွေကိုလဲ ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်” ဟု ပရာတာမာက ဆင်ဟွာသို့ ပြောသည်။

ပရာတာမာ အပါအဝင် ဂျကာတာမှ ကယ်ဆယ်ရေးသမားများသည် ဒေသခံ ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများအား ကူညီနိုင်ရန် တပ်ဖြန့်ထားလျက်ရှိကြောင်း သိရသည်။

လျှပ်စစ် ဆားကစ် တစ်ခုကြောင့်နှင့် စက်ရုံအတွင်း သိုလှောင်ထားရန် မသင့်လျော်သည့် ကုန်ကြမ်းပစ္စည်း နှစ်ခုကြောင့် ယခုလို မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းရသည့် အကြောင်းရင်း အပါအဝင် အခင်းဖြစ်ပွားမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဟာနာဖီက ဆိုသည်။

ဒဏ်ရာရရှိသူများအား ဆေးကုသမှု ခံယူရန် Tanggerang မြို့ရှိ နီးစပ်ရာ ဆေးရုံနှင့် ဂျကာတာရှိ ရဲဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဟာနာဖီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.